ဒါလေးကတော့ လပြည့်နေ့ မိုးကလည်းရွာနေတဲ့အချိန် တွေးမိတဲ့ plot လေးကို ချရေးမိလိုက်ရုံပါပဲ။ ပုဂံနောက်ခံ short story လေးအဖြစ် Binhao လေးကို ဒီလိုလေးရေးကြည့်ဖို့ အတွေးပေါ်လာခဲ့တာတော့ကြာပါပြီ။ အခုတော့ မိုးအေးအေးမှာ လက်တွေ့ရေးခဲ့မိပါတယ် ။
Plotအရ မြန်မာနိုင်ငံသားလေးအဖြစ် ဆောင်းဟန်ဘင်းကို 'ဟန်လင်းညီ' ဆိုတဲ့နာမည်လေး ချိန်းထားပါတယ်။ ဒါပေမဲ့ ဖတ်ရမထောင့်အောင် ကွဲပြားမသွားအောင် "ဟန်" ဆိုပြီးပဲ
သုံးထားပါတယ်။ကဗျာတို၊စာစုတိုလေးတွေကတော့ နှစ်သက်သဘောကျရတဲ့ စာရေးဆရာမကြီးတွေရဲ့ စာအုပ်တွေထဲက စာစုတိုလေးတွေကို ထည့်ရေးထားတာတွေရှိတာမို့ အားလုံးကို လေးစားစွာနဲ့ credit ပေးပါတယ်ရှင့်။
ပုဂံနဲ့ပတ်သတ်တဲ့ရေးထားတဲ့အကြောင်းအရာ မှန်သမျှဟာ Google ကနေတဆင့်ရယ်၊ကိုယ်တိုင်သွားခဲ့တုန်းကသိသလောက်မှတ်သားထားတာတွေရယ် စုပေါင်းရေးထားတာဖြစ်ခြင်းကြောင့် အမှားတစ်စုံတစ်ရာပါခဲ့ပါက လိုအပ်ချက်များခဲ့ပါက နားလည်မှုနဲ့ ခွင့်လွှတ်ပေးကြပါရှင့်။
ကလေးတွေကိုချစ်တဲ့စိတ်နဲ့ စိတ်ကူးကာ ရေးသားထားခြင်းဖြစ်ပြီး idol image ကိုထိခိုက်စေလိုခြင်းလုံးဝမရှိပါ။
တစ်ခုခုအဆင်မပြေတာများ၊သိလိုတာများရှိရင် လာမေးလို့ရကြောင်း၊လာပြောလို့ရကြောင်း....ပြောကြားရင်း....မြန်မာနိုင်ငံသား 'ဟန်' လေးနဲ့ အိမ်ကမသိအောင်ခိုးကာ မြန်မာကိုလာခဲ့တဲ့ တရုတ်ကလေး ကျန်းဟာအိုလေးတို့ရဲ့ ပုဂံ story လေးကို လိုအပ်ချက်တွေရှိနိုင်ပေမဲ့ ကြိုးစားရေးပေးမှာမို့ စိတ်ဝင်စားပေးကြပါအုံးရှင်။
ဒီသာသာ fic တိုင်းအရစ်ရှည်တာ ပြီးပါပြီ 😁

YOU ARE READING
Dear.... Never Forget [ COMPLETED ]
Fanfictionရွှေအိမ်စည်မင်းသမီးက သူ့ချစ်သူ ပဋိက္ခရားမင်းသားအလာကို လောကနန္ဒာကမ်းကနေ အမြဲစောင့်တယ်တဲ့ 'ဟန်' ရော ကိုယ်ပြန်အလာကို လောကနန္ဒာကမ်းကနေ အမြဲစောင့်နေနိုင်ရဲ့လား?