ညစာစားပွဲလေးဆိုပေမဲ့ အဖွဲ့သားတွေနဲ့ဆိုတော့ လူတွေကထင်ထားထက်များသည်။ ဒါပေမဲ့ private ပုံစံလေးပဲမို့ အခုရက်ပိုင်းအတွင်းမျက်မှန်တန်းမိနေတဲ့လူတွေချည်းပင်။ အားလုံးက ပုဂံမှာ ဒီညကနောက်ဆုံးညမလို့ ပျော်ပျော်ပါးပါးဆိုကြကကြလို့ပင်။ ဟာအိုနဲ့ဟန်ကတော့ ချောင်မကျတကျနေရာမှာပဲ နေရာယူလိုက်သည်။ ညနေက ကတောက်ကစနဲ့ ဟန်က သူ့ကို မသိမသာရှောင်နေသလို ဟာအိုကလည်း သိပ်ပြီးစကားပြောချင်စိတ်မရှိသေး၍ သူတို့ကြားအရင်ကထက်ပိုတိတ်ဆိတ်နေသည်။
Dinner ဆိုပေမဲ့ Alcohol လည်း ကြိုက်ရာသောက်
မလို့ ဟာအို သိပ်ပြီးမပြင်းတာပဲ သောက်မိသည်။
သိပ်ပြီးမပြင်းတာဆိုပေမဲ့ ဘယ်နှစ်ခွက်မှန်းမသိ သောက်မိတော့ အနည်းငယ်တော့ ရီဝေဝေဖြစ်သည်။ ဟန်ကတော့ cocktail တစ်ခွက်နဲ့သာ...။ သီချင်းဆိုနေတဲ့စင်ပေါ်က ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် ဟာအို ရီဝေဝေမျက်လုံးတွေနဲ့ ဟန့်ကို ကြည့်မိတော့ ဟန်ကလည်း သူ့ကိုမှိုင်းညို့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာနဲ့ဆုံသည်။ ဒီမျက်ဝန်းတွေထဲမှာ အဖြေရှိနေရဲ့သားနဲ့ဘာလို့များဟန်ဆောင်ရက်တာလဲ ဟန်ရယ်...။ ထပ်တူညီတဲ့ မျက်ဝန်းအကြည့်တွေကြား ပူစူးရဲ့ ' ဝန်ခံပါ' သီချင်းသံက ပျံ့လွင့်လျက်.....။ဟန်ဆောင်တဲ့အပြုံးတွေရဲ့ အဝေး မှာ ..xxxxx..တကယ်နာကျင်စွာနဲ့ ငါငိုနေပါတယ်... xxx....ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း....xxxxx ကြာရင်ငါရူးလိမ့်မယ် ...xxxxxx... ဘယ်လိုအကြောင်းပြပြီးငြင်းနေမှာလဲ...xxxxx... ဒီတစ်ခါမလှည့်စားတော့နဲ့ ..xxxxx... တကယ်ဆိုချစ်ရဲ့နဲ့ မုန်းယောင်ဆာင်ခဲ့တာ .....xxxx... ငါမြင်နေတယ်..... ဒီမျက်ဝန်းနက်တွေထဲ........
~~~~~~~~~~
Dinner ကနေအမူးလွန်လာပြီး တွဲခေါ်လာတဲ့ ဟာအို့ကိုယ်လေးကို ခုတင်ထက်အသာချပေးရင်း သက်တောင့်သက်သာအိပ်လို့ရအောင် ပြင်ပေးကာ အခန်းထဲက အေးစိမ့်နေတဲ့ air-con ကို ပြန်ညှိပေးလိုက်သည်။ ထို့နောက် စောင်လေးအသာခြုံပေးရင်း ဟန် ခြေလက်ဆေးရန် သွားဖို့လုပ်တော့ ...ဟာအိုက.ဘယ်အချိန်ကတည်းကနိုးနေသည်မသိ....ဟန်ရဲ့နောက်ကျောဘက်ကနေ ခါးကိုလက်နှစ်ဖက်နဲ့ယှက်ကာ ဖက်တွယ်လာသည်။
![](https://img.wattpad.com/cover/348285383-288-k881738.jpg)
YOU ARE READING
Dear.... Never Forget [ COMPLETED ]
Fanficရွှေအိမ်စည်မင်းသမီးက သူ့ချစ်သူ ပဋိက္ခရားမင်းသားအလာကို လောကနန္ဒာကမ်းကနေ အမြဲစောင့်တယ်တဲ့ 'ဟန်' ရော ကိုယ်ပြန်အလာကို လောကနန္ဒာကမ်းကနေ အမြဲစောင့်နေနိုင်ရဲ့လား?