Four

137 16 0
                                    

       ဟာအို မနက် Balloons ကြည့်မယ်တွေးထားခဲ့ပေမဲ့ မထူနိုင်တော့တဲ့ခေါင်းနဲ့ ပူစပ်နေတဲ့မျက်ခမ်းစပ်တွေရယ်၊ နုံးချိနေတဲ့ ခန္ဓာကိုယ်ရယ်ကြောင့် သူဖျားပြီမှန်းသိလိုက်ရသည်။ စောင်အထူကြီး ထဲ ပိုတိုးလို့ဝင်ရင်း ကွေးနေမိသည်။ ထိုအချိန်နဖူးထက်နူးညံ့ငြင်သာစွာ ထိကပ်လာသည့် လက်ဖဝါးရဲ့အထိအတွေ့၊ဟန့် လက်မှန်းသိပေမဲ့ သူမျက်လုံးကိုမဖွင့်နိုင်သေး။

     "ဟာအို! .... နေသာရဲ့လား  ညကအပူအရမ်းကြီးလို့ ကျွန်တော်လန့်သွားတာပဲ  "

မျက်လုံးကို အားစိုက်ဖွင့်ကြည့်ခါမှ ရေးတေးတေးမြင်ရသည့် စိုးရိမ်နေပုံပေါ်သည့် ဟန့်မျက်နှာ...။

    "ကျွန်တော် ခနလေးသွားလိုက်အုံးမယ်နော် ... တန်းပြန်လာခဲ့မယ်.. ပြန်အိပ်ချင်အိပ်နေနော်..."

ဟန် က ဟာအို့ကို ငြင်သာစွာပြောရင်း သွားဖို့ပြင်တော့ ဟန်ရဲ့ ခါးနားကအကျ်ီစကို ဆွဲထားပါသည့် လက်ဖြူဖြူလေး။ ဖျားနေ၍ ရဲနေသည့်ပါးပြင်နှစ်ဖက်နှင့်အတူ မျက်ရည်ကြည်တွေဝိုင်းနေသည့် မျက်ဝန်းတို့က အဖျားရှိန်ကြောင့် ခပ်ရဲရဲ...။

    "လိုက်  ချင်  တယ် ..."

     "ဖျားနေတယ်လေ..ဟာအိုလေးရဲ့... လေစိမ်းတွေတိုက်တဲ့အခါ  ပိုဆိုးလာလိမ့်မယ်... နောက်တစ်ခါလာမှ သွားကြည့်ကြမယ်နော် ... ပြန်လာလို့  နေ့လည်ကျ သက်သာတယ်ဆို မင်းနန်သူဘက်လိုက်ပို့ပေးမယ်.. အခုနေကောင်းအောင် အိပ်နေခဲ့နော် ..."

ဟန်က ချော့ပြောသည်အခါ မျက်လုံးအသာမှိတ်သွားရင်း ဟိုဘက်လှည့်သွားတော့သည်။ ဟန် သက်ပြင်းတစ်ချက်ချပါရင်း စိတ်မဖြောင့်စွာနဲ့ပဲ အခန်းထဲကထွက်လာခဲ့လိုက်တော့သည်။ တံခါးပိတ်သံကြားပြီးခါမှ ဟာအိုဒီဘက်ပြန်လှည့်လာရင်း....

    "နောက်တစ်ခါဆိုတာ ရှိလာဖို့ သေချာပါတော့မလား ဟန်ရဲ့..."

~~~~~~~~~~~~

     "အဲဒါကြီးက ပါးတယ်လေ... ဟာအိုလေးရဲ့ ... ဒီထူတာလေး..... ဟုတ်ပြီ  ဟုတ်ပြီ ... ဟာအိုလေးဝတ်ချင်တာဝတ်လေနော်... ကျွန်တော် နောက်က အနွေးထည်ကိုင်ပြီးလိုက်ခဲ့ပေးမယ် ...mask တပ်ရမယ်နော်... ဆေးပါထည့်ယူခဲ့မယ်... တစ်ခုခုအနေမသာတာရှိရင်ပြောနော် ..."

Dear....  Never Forget [ COMPLETED ]Where stories live. Discover now