"အဲ့ pheromonesတွေ ချက်ချင်းပြန်သိမ်းစမ်း" dominant omega တယောက်ရဲ့ ကြောက်စရာအသံကြောင့် သာမန် alphaတွေရှိန်ကုန်ကြတယ်
Alpha ရယ် beta ရယ်omega ရယ်ဆိုပြီး သုံးမျိုးရှိကြတယ် ၊ 21ရာစုမို့ လူတန်းစားခွဲခြားတာမျိုးမရှိတော့ပေမယ့် Alpha တွေကသာအမြတ်ဆုံးလို့တွေးထားတဲ့ ပုဇွန်ဦးနှောက်တွေတော့အနည်းငယ်ရှိသေးသည်။
အဆိုတော်လောကမှာ နာမည်အကြီးဆုံးဆိုဘယ်သူ့ကိုမေးမေး တစ်သံထဲပဲထွက်တဲ့အထိ ကျော်ကြားတဲ့အဆိုတော်တစ်ယောက်ရှိတယ်။ Omega တစ်ယောက်ဖြစ်ပြီး ရိုးရိုးOmegaမဟုတ်ဘူး Dominant Omega ။
အခြားomegaတွေလို ပန်းရနံ့ သစ်မွှေး သစ်သီးမျိုးမဟုတ်ပဲ လွတ်လပ်ခြင်းရနံ့ ဟုတ်တယ် သူ့pheromones က ပင်လယ်ကိုရောက်သွားသလို မိုးရွာပြီးခါစ မြေသင်းနံ့လို ကြိုးစားထားတဲ့အလုပ်တစ်ခုကိုသေချာပြီးမြောက်သွားသလို စိတ်ကြည်လင်စေတဲ့ လွတ်လပ်ခြင်းရနံ့မို့ ပိုထင်ရှားသူ ။နာမည်က Park jimin .အဆိုတော်အလုပ်ကို ငယ်ငယ်ထဲကဝါသနာပါခဲ့ပြီး Dancer အလုပ်ကနေရေသောက်မြစ်တည်ရင်း အနုပညာလောကထဲကိုဝင်လာခဲ့သူ ။ သူ့အသံကိုနားထောင်ဖူးတဲ့လူတိုင်းက သူ့fanတွေဖြစ်သွားကြတယ် မကြိုက်တဲ့သူလားရှိတာပေါ့ မနာလိုခြင်းဆိုတဲ့ရောဂါစွဲတွေကတော့ Perfect manကိုမကြိုက်ကြပါ ။ ဒါကြောင့် Park Jiminဆိုတဲ့ Dominant Omegaကိုမကြိုက်ရင် သင်ကတစ်ခုခုလွဲနေသူဟုပြောရလောက်အောင် အောင်မြင်သူဖြစ်သည်။
အခုလဲသူသီချင်းနောက်တစ်ပုဒ်ထုတ်ရန်အတွက် ကြိုးစားနေသည်။ အကလေ့ကျင့်တဲ့အခန်းကို ဘယ်သူ့မှအဝင်မခံဘဲလေ့ကျင့်နေခဲ့သည်။ လာခေါ်သူမှန်သမျှကိုပြန်အော်ကာ လေ့ကျင့်နေသူPark jiminကို တားရဲတဲ့သူမရှိသေးပါ။
တစ်နေ့လုံး လေ့ကျင့်ထားတာကြောင့် အနားယူရန် တိုက်ခန်းအပြန်လမ်းတွင် မန်နေဂျာက ကားကိုထိုးရပ်လိုက်တာကြောင့် အိပ်ပျော်ခံနီးကနေ လန့်နိုးသွားရသည်။
" ဘာဖြစ်တာလဲ hyung "
"ကားရှေ့ ဒီကလေးဖြတ်ပြေးလို့ jimin "" အာ့ ဦးလေးကြီး ကားကြောင့် ကျွန်တော့်လက်ပွန်းသွားပြီ " အသံစွာစွာဖြင့်အော်သံကြောင့် jiminကြည့်မိသည် ဆံပင်ကောက်ကောက်နှင့် ကောင်လေးတစ်ယောက် ဆူပုတ်ကာရန်တွေ့နေသည်။
" မင်းဖြတ်ဝင်တာလေ " မန်နေဂျာ hyung က လေးလေးပင်ပင် စိတ်ရှုပ်သလိုပြောတော့
"တရားစွဲမယ် လက်လဲကျိုးပြီးလားမသိဘူး ထလို့လဲမရဘူး လွယ်အိတ်ထဲကဂိမ်းစက်ကလဲ ပျက်သွားပြီ တရားစွဲမယ် "
"ဟေး မင်းလွန်မလာနဲ့ ငါမောင်းတာမမြန်ဘူး မင်းကဖြတ်ပြေးတာလေ"
"Hyung တော်တော့ ဒီဘက်ညီလေးကိုလဲ အကိုကပဲတောင်းပန်ပါတယ်နော် အစ်ကိုဘာလုပ်ပေးရမလဲ " ဒီမျက်လုံးတွေနဲ့ အသံတွေပေါ့ နာမည်ကြီးအဆိုတော်ပီသအောင် အလှဆုံးပြုံးကာမေးသည် ထိုအပြုံးက သာမာန်လူဆို နှလုံး 4ခန်းလုံး အယောင်ယောင်အမှားမှားဖြစ်ပြီး 3ခန်းပျောက်သွားမဲ့ အပြုံးမျိုး"ဟို ဟိုဟာ တကယ်လိုချင်တာပေး...ပေးမှာလား" မျက်လုံးဝိုင်းလေးတွေက ကြယ်လေးတွေများသိမ်းထားသယောင်ထင်ရတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့
"အင်းပေါ့ .. ပြောညီလေးပြော" ချက်လတ်မှတ်တစ်ခုကိုထုတ်ရင်း ပြောမဲ့ပိုက်ဆံအရေအတွက်ကိုစောင့်နေရင်း
" Park jimin ကနေ Jeon jimin ပြောင်းပေး hyungကိုကူး ဒီနေ့ကစပြီး စလိုက်ပြီး "
" ဘာ "
" ဟုတ်တယ် ကူးရဲ့ Jeon jimin ဖြစ်ပေး "
" တိတ်စမ်း အကောင်းပြောပေးလို့ ရောင့်တက် ..." ပင်ပန်းနေလို့ နားချင်တာပဲသိတဲ့ အချိန်jeon jiminအဖြစ်ပါ ဖြစ်ပေးရမယ်လို့ပြောတော့ ဒေါသကထောင်းကနဲဖြစ်သွားသည်။"Hyung ဆက်ရှင်းလိုက် "
"ကူး hyung ကိုအတည်လိုက်ပြီ ကူးကိုယုံ "
မကြားသလို ကားထဲဝင်တော့ ဟိုက အော်ပြောကာ ထွက်သွားသည် ဘာတဲ့"Jeon Jimin ရေ တာ့တာ" တဲ့
..
.Omegas verလေးရေးချင်နေတာ အမှန်ဆိုရေးချင်တာထက်ဖတ်ချင်တာ ဆိုတော့က ပုံလဲဆွဲချင်တာပါတယ် ဒါကြောင့်ရေးလိုက်တာပါ အရေးအသားပိုင်းမှာလိုအပ်တာများရှိတာသိပေမယ့် အမှားပါသွားရင် ချစ်တဲ့စိတ်လေးနဲ့ဖတ်ပေးကြပါလို့ အရမ်းမရှည်ပါဘူး
ဖတ်မဲ့သူမရှိလဲအားတစ်စံကြီးဖြစ်တဲ့နေ့ comicဆွဲချင်လို့ရေးဖြစ်
အားလုံးပဲကျန်းမာချမ်းသာ မိုးမန့်တွေရကြပါစေ 🥕🍼..
YOU ARE READING
My Dominant Omega JJM 🍷
FanfictionOmegaverse type လေးပါ အများကြီးမဟုတ်တောင် နည်းနည်းလေးဖြစ်ဖြစ်ပြုံးယောင်သမ်းအောင် ကြိုးစားရေးထားပါတယ် #kookmin #btsfanfic