Part -2

45 3 3
                                    

လူတစ်​ယောက်ကိုပိုးပန်းဖို့ဆို ​စော​စောထဖို့လိုတယ် ဆိုတဲ့စာကိုအိပ်ယာ​ဘေးကစားပွဲခုံ​ပေါ် တစ်မျက်နှာအပြည့်​ရေးထား​သော​ကောင်​လေးမှာ အိပ်​ပျော်​နေလိုက်တာ ​နေ​ရောင်နှင့်မျက်နှာကမှည့်​လေး​တွေပင် သူငယ်ချင်းဖြစ်​နေကြပြီ။

နှိုးစက်သံ​ကြောင့် နာရီပင်နားညီး၍အသံမထွက်နိုင်​တော့

Jimin ကပုံမှန်ဆို မနက်ပိုင်းလမ်း​လျှောက်ထွက်တာမို့ သွားပိုးဖို့ရန် alarm ​ပေါင်းစုံကလဲ အပြိုင်အဆိုင်မြည်​နေသည်မှာအခါခါ ​နောက်ဆုံး​တော့ အဝတ်အသည်းအသန်လဲရင်း ညကကျက်ထားတဲ့​တော်ကီ​တွေပြန်ရွတ်ရင်း အ​ပြေးအိမ်ကထွက်ခဲ့သည်။

အိပ်ယာထ​နောက်ကျ​တော့ လမ်း​လျှောက်ထွက်လာတာကိုမမှီ​တော့ပဲ အလုပ်သွားမဲ့သူရဲ့ကား​​ရှေ့သာ သီသီ​လေးမှီသည် မန်​နေဂျာက မသိချင်​ယောင်​ဆောင်​ကွေ့သွား​တော့ vocal ပါဝါ​ကောင်း​ကောင်းဖြင့်

"အား နာသွားပြီ မရ​​တော့ဘူးကျိုးသွားလားမသိဘူး အားးး " မျက်လုံးစုံမှိတ်ကာ ​အော်​နေ​တော့ ကားတံခါးပိတ်သံကြားရသည် ကိုကိုဆင်းလာမှ ​အော်တာရပ်မှာမို့ ဆက်​အော်​ကောင်း​နေဆဲ

" အား .... ကားတိုက်ခံရတာ " ​အော်ရင်း အနက်​ရောင် bootsကို​တွေ့​တော့ ​မေ့ကြည့်လိုက်​တော့ ကိုကိုဖြစ်​နေသည်​

" ဘာဖြစ်လဲ ကားတိုက်ခံရတာဆက်​ပြော​လေ"

" ဟို ​ကားတိုက်ခံရတာ..​ကောင်းလိုက်တာ"

ဒီမယ်ချာတိတ်ကိုယ်ခြံ​ရှေ့မှာCCTV ရှိတယ်​နော် မင်း​တော်ရုံပဲ​ကောင်းမယ်

"ကူးက ပိုးမို့.." အသံကကိုကို​ရှေ့ဆိုမထွက်​တော့

" ဘာကိုပိုးမှာလဲ လူကြည့်​တော့နို့နဲ့​တောင်မစင်​သေးဘူး က​လေးသာသာက "

"နို့နံ့က pheromones ​ကြောင့်ထင်တယ် ကိုကိုကလဲ " ဖုန်တခါခါနဲ့စူပုတ်ကာထလာသူကို​သေချာကြည့်မှ ရုပ်ကသာက​လေးရုပ်နှင့်အ​နွေးထည်အထူကြီးနှင့်အပြိုင်ထွားလွန်း​နေသည် အရပ်ကလဲ ကိုယ်ထက်ရှည်​နေသည် ။

ကိုယ်ထက်ငယ်သူကိုမကြိုက်သူပီပီ pheromonesနဲ့ဖြဲ​​ခြောက်လိုက်သည် ​တော်ရုံalphaမခံနိုင်သည်မို့ ထိုက​လေးဆို​ပြေးလိမ့်​ပေါ့

My Dominant Omega JJM 🍷Where stories live. Discover now