ဖုန်းနာရီကိုကြည့်တော့ 4နာရီလောက်တောင်ရှိနေပြီ မလို့ မေမေ့ကို ပြန်ဖို့ လက်တို့ချင်ပေမယ့်လည်း မေမေက အဖွားနဲ့စကားပြောမပျက် လူကြီးတွေရှေ့မှာဆိုတော့ ဖုန်းကိုင်နေဖို့ကလည်းအဆင်မပြေ သူတို့ပြောတဲ့ စကားတွေကိုသာနားလည်သလိုလိုနဲ့ အဆင်ပြေအောင်နေနေရတယ်
တချိန်တည်းမှာတင်ခြံထဲမှကားသံနဲ့အတူ အဖွားကလည်း အိမ်ပေါက်ဝသို့လှမ်းကြည့်လိုက်သည်"သားထယ်ပြန်လာပြီလား"
"ဟုတ်အဖွား အော်ဧည်သည်တွေရောက်နေတာလား "
အသံလာရာကိုလှည့်ကြည့်မိတော့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်ခဲ့ မျက်နှာထက်မှအပြုံးတို့နှင့် အတူအိမ်ထဲသို့ ဝင်လာသူ
ဒါက ဒါက အကိုထယ် ငါသဘောကျခဲ့ရတဲ့သူ အရမ်းတွေ့ချင်နေခဲ့ရတဲ့သူဆိုလည်းမမှား အရင်ကထက်ကိုပိုပြီး ချောမောခန့်းညားလာတယ် လေးထောင့်ဆန်ဆန်အပြုံးလေးတွေကတော့ မပြောင်းလဲ
"ဟုတ်တယ်သားရေ ဒီမှာလာထိုင်ပြီး မိတ်ဆက်လိုက်အုံး"
"ဟုတ်ကဲ့အဖွား"
taehyung ဧည်ခန်းရှိ အဖွားတို့ထိုင်နေရာဆိုဖာနားသို့လာကာ eunjiရဲ့ မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လိုက်သည်
taehyungက eunjiကို တချက်ကြည့်လိုက်ကာ အဖွားဖက်သို့လှည့်သွားသည် စိမ်းကားတဲ့အကြည့်တွေက eunjiကိုမှတ်မိပုံမပေါ်
"ဟုတ်ကဲ့ မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် "
"yujiသမီး ဒါကအဖွားမြေးkim taehyung ဆိုတာလေ "
"ဟုတ်ကဲ့အဖွား"
"မင်္ဂလာပါအန်တီ တွေ့ရတာ ဝမ်းသာပါတယ် "
"အေးပါတူလေးရေ အန်တီလည်း တွေ့ရတာဝမ်းသာပါတယ် "
"taehyung ah ဒီအန်တီကအဖွားဂျူးရဲ့ သမီးနဲ့မြေးလေ "
"အော်ဟုတ်လား ဒါနဲ့အဖွားဂျူးကရော "
"ဟုတ်သားပဲ သားထယ် မသိလိုက်ဘူးနော် "
"ဘာကိုလဲအဖွား"
"အဖွားဂျူးက သားထယ်နိုင်ငံခြား သွားပြီးမကြာခင်မှာပဲ ဆုံးသွားတာ"
YOU ARE READING
ꨄ𝗧𝗢𝗫𝗜𝗖 𝗹𝗢𝗩𝗘ꨄ
Fanfiction(TAEHYUNG×Y/n) နာကျင်ရတာကိုသိတယ် ရုန်းမထွက်နိုင်တာမဟုတ်ဘူး ရုန်းမထွက်ချင်ခဲ့တာ Start: July/1/23