"ဂျယ်ယွန်း ငါတို့ဒီနေ့ အတန်းလစ်ရအောင်""ဟာ ခဏနေဆရာလာတော့မှာလေ ပြီးတော့ အခုလောက်ဆို ကျောင်းတံခါးကပိတ်လောက်ပြီ"
"တခြားထွက်ပေါက် ရှိတယ်"
"ဟမ်"
ဂျယ်ယွန်းနားမလည်သလို အမူအရာနဲ့ ဟီဆွန်းကိုသေချာကြည့်လိုက်တော့ ဟီဆွန်းကမျက်ခုံးတစ်ဖက်ပင့်ပြပြီး လာလိုက်ခဲ့ ဟုဆိုကာ သူ့လက်အားဆွဲခေါ်လာခဲ့သည်။
"နံရံကြီးလေ ကျော်ရမှာပေါ့"
ဟီဆွန်းခေါ်လာသောနေရာသည် ကျောင်းအနောက်ဘက်မှ နံရံအုတ်တံတိုင်းကြီးရှေ့သို့ဖြစ်နေသည်။
"သိပ်မမြင့်ဘူး အရင်နေ့ကငါကျော်ထွက်ပြီးပြီ"
"ဘာ နေမကောင်းဘူးအိမ်ပြန်မယ်ပြောသွားတဲ့နေ့ကလား"
ဟီဆွန်းကခေါင်းငြိမ့်ပြလိုက်တော့ ဂျယ်ယွန်းကသက်ပြင်းအသာချသည်။
"ငါမလိုက်တော့ဘူး"
ရုတ်တရက်စိတ်ကောက်သွားဟန်ပြုကာ အတန်းထဲလှည့်ပြန်ရန်လုပ်နေသော ဂျယ်ယွန်းရှေ့တွင် ဟီဆွန်းအမြန်ပိတ်ရပ်လိုက်ရသည်။
"ကျစ် စိတ်ကောက်သွားတာဆိုရင် ပြီးမှချော့ပါ့မယ် အခုတော့အတူလိုက်ခဲ့ပါနော် နော်ဂျယ်ယွန်း"
သူ ဟီဆွန်း၏မျက်လုံးကိုများကို စိုက်ကြည့်နေမိသည်။အီဟီဆွန်း၏မျက်လုံးများကို သူသဘောမကျပါ။အဘယ်ကြောင့်ထိုသူ၏ မျက်လုံးများက သူ့အပေါ် ထိုသူတောင်းဆိုသမျှကို လက်ခံရန်ဖိအားပေးနေရသနည်း။အီဟီဆွန်း၏ လှပသောသမင်မျက်ဝန်းတစ်စုံသည် သူ့အတွက်တော့ ဒီရေထက်ပို၍ပင် ဆွဲငင်အားကောင်းနေပြီး အန္တရာယ်များလွန်းနေသည်။
"ဒီတစ်ခေါက်ပဲ လိုက်ခဲ့မယ်"
"ရက်စ် ဒါဆို ငါအရင်ဒီအပေါ်တက်လိုက်မယ်"
"အွန်း ဂရုစိုက်အုံး"
"စိတ်မပူနဲ့ ဒီလောက်ကတော့အေးဆေးပါကွာ"
တကယ်လည်း အေးဆေးပင်ဖြစ်နေသည်။ခဏလေးအတွင်း နံဘေးရှိသစ်ပုံအဟောင်းကိုနင်းကာ တံတိုင်းပေါ်ဖက်တွယ်တက်သွားသော ဟီဆွန်း၏ အခုလောက်ထိကျွမ်းကျင်နေပုံကိုတွေ့ရုံနဲ့ပင် ခိုးထွက်ထားသောအခေါက်အရေအတွက်မှာနည်းမည်မဟုတ်ကြောင်း သူတွေးလိုက်မိသည်။