Chapter 2

306 37 18
                                    

Unicode

ကားမောင်းပြီး ကျောင်းလိုက်ပို့တဲ့ အဖေဖြစ်သူရဲ့ဘေးခုံမှာထိုင်ရင်း ပြတင်းပေါက်မှတစ်ဆင့် ဘေးနားကအတူယှဉ်တွဲမောင်းလာတဲ့ကားတွေရယ် ရုံးသွားကျောင်းသွားပုံရိပ်တွေနဲ့ လမ်းဘေးက ဆိုင်တချို့ကို ငေးကြည့်နေသည်။

ကားမောင်းနေတဲ့ အဖေဖြစ်သူက သူ့သား Gemini ကို ကားမောင်းရင်း လှည့်ကြည့်သည်။ သားအရင်းမဟုတ်ပေမယ့် သားသမီးမထွန်းကားနိုင်တော့တဲ့ မိမိတို့ဇနီးမောင်နှံဘ၀လေးထဲကို ကံစပ်ပြီးရောက်လာတဲ့သားလေးမို့ ထိုအချိန်ကတည်းက ပိုးမွေးသလိုမွေးထားရသည်သာ။

Gemini က ပြတင်းပေါက်ကနေအကြည့်လွှဲပြီး အိတ်ထဲက စာအုပ်လေးကိုထုတ်သည်။ အနီနဲ့ မီးခိုးရောင်စပ်ထားသောအဖုံးနဲ့စာအုပ်လေးက Gem ရဲ့အသက်လို ‌သွားတိုင်းပါသည်။ ထိုစာအုပ်ကလေးကိုထုတ်ပြီး စာမျက်နှာလွတ်မှာ ရေးမှတ်လိုက်သည်။

'မနက်ဖြန် စာဂျပိုးကို ဟောပေါ့သောက်ဖို့ခေါ်ရန်'

"Phaw သိလား၊ ကျောင်းမှာစာဂျပိုးတစ်ယောက်ရှိတယ်"

"ဟုတ်လား သူက သားသူငယ်ချင်းလား"

"ဟင့်အင်း သူကသားကိုသိပ်သဘောကျပုံမပေါ်ပါဘူး"

"ဒါဆိုသားက သူငယ်ချင်းဖွဲ့လိုက်ပေါ့"

"မပူပါနဲ့ Phaw ရဲ့၊ ကျောင်းမှာ သူကလွဲရင် သားကိုလူတိုင်းကြိုက်ကြတယ်၊ သူလည်းတစ်နေ့ကျ သားကိုကြိုက်လာမှာ"

သားဖြစ်သူရဲ့စကားကိုသဘောကျကာ ခစ်ခနဲရယ်လိုက်ပြီး ကျောင်း၀င်ထဲကို ကားထိုး၀င်လိုက်သည်။

ကျောင်း၀င်းထဲကားထိုး၀င်သည်နှင့် Gemini တစ်ယောက် ကားမှန်ကိုပါက်ထွက်မတက်ကြည့် ဆံပင်ပုံချ နှုတ်ခမ်းကိုသပ်ကာ အဖေဖြစ်သူကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။

~~~~~~~~~~~~~~~~~~

Fourth Nattawat တစ်ယောက် ခြေလှမ်းခပ်ကျဲကျဲနဲ့ အတန်းထဲ၀င်လာတော့ အတန်းထဲမှာ လူတော်တော်လေးစုံနေလေပြီ၊ သို့သော် ဆရာမရောက်သေးတာကြောင့် သက်ပြင်းချကာ မိမိနေရာမိမိ၀င်ထိုင်လိုက်သည်။

မိမိခုံနားအရောက် အနောက်ဖက်နား ခုံတစ်ခုံမှာ လူတစ်စုဝိုင်းနေတာကို မူမမှန်စွာတွေ့လိုက်ရတော့ စပ်စပ်စုစုလှမ်းကြည့်လိုက်မိသည်။ ကျောင်းသူ ၄-၅ ယောက်လောက်က သူတို့ဖုန်းတွေနဲ့ ထိုကျောင်းသားသစ်အနားမှာ အလုပ်ရှုပ်နေကြခြင်းပင်။ သေချာပေါက် line id တောင်းနေခြင်း မဟုတ်ပါလား။

Love Book (Paused)Where stories live. Discover now