Chapter 3

297 31 8
                                    

Unicode

ဒူးလောက်ရှိတဲ့ ဒန်းသေးသေးလေးပေါ်ထိုင်ရင်း ခြေထောက်ကိုမြေကြီးပေါ်ထောက်ကာထောက်ကာနှင့် ဖြည်းဖြည်းလွှဲကာ ပန်းခြံထဲက လူတွေကို အကြည့်မခွာနိုင်ဖြစ်နေသူမှာ FotFot လေးပင်။

Fourth ရဲ့မျက်လုံးတွေက ဝိုင်းစက်နေသည်။ မလှမ်းမကမ်းကလျှောက်လာတဲ့ မိသားစုတစ်စုကိုမြင်တော့ နှုတ်ခမ်းလေးကွေးတက်ရင်းကြည့်နေသည်။ ကွေးတက်လာတဲ့နှုတ်ခမ်းလေးနှင့်အတူ မျက်၀န်းကလေး အရောင်မှေးမှိန်သွားသည်ကိုတော့ မည်သူမျှသတိထားမိမည်မဟုတ်ချေ။

ဒီလိုနေရာမျိုးရောက်လာရတာ Fourth အတွက် မိမိနှင့်မဆိုင်သောနေရာရောက်လာရသကဲ့သို့ ထူးဆန်းနေသည်။ အကြည့်ကို ၉၀ ဒီဂရီလွှဲလိုက်တော့ မလှမ်းမကမ်းက မိမိဆီလျှောက်လာနေတဲ့ လောရှည်ကောင်.....

ဟုတ်တယ် လောရှည်ကောင်၊ ဒါ Gem ကိုမြင်တာနဲ့ Fourth ‌ခေါင်းထဲရောက်လာတဲ့နာမည်ပြောင်တစ်ခုပင်။

Gem က ဒန်းစီးနေတဲ့ Fourth ရှေ့နားလေးမှာရပ်ပြီး လက်နှစ်ဖက်နဲ့ကိုင်ထားတဲ့ ရေခဲမုန့်ခွက်နှစ်ခွက်မှ တစ်ခွက်ကို Fourth ကိုလှမ်းပေးသည်။

"မြန်မြန်ယူ၊ အရည်ပျော်ကုန်တော့မယ်၊ အဝေးကြီးကဝယ်လာရတာကို"

"ငါစားချင်တယ်လည်းမပြောမိပါဘူး"

"ငါစားချင်လို့လေ၊ မင်းမစားရင်လည်းငါပဲအကုန်စားလိုက်တော့မယ်"

"အာ မဟုတ်ဘူးလေ၊ စားတာတော့စားမှာပေါ့"

"ဒါဆို ရော့"

Fourth ကိုရေခဲမုန့်တစ်ခွက်ပေးပြီး Fourth စီးနေတဲ့ ဒန်းနဲ့ ဘေးချင်းယှဉ်လျက်ရှိနေတဲ့ ဒန်းမှာ ၀င်ထိုင်လိုက်သည်။

"ဘယ်လိုလဲ ငါ့ဆီမှာအလုပ်လုပ်ရတာပျော်ရဲ့လား"

"ဘယ်လို? ငါကမင်း၀န်ထမ်းလည်းမဟုတ်ဘူး၊ လက်အောက်ငယ်သားလည်းမဟုတ်ဘူး၊ စကားကိုကြည့်ပြော"

"မင်းကလည်း ဒါလေးပြောတာကို"

ထိုစဉ် Gem ခြေထောက်နားသို့ ဘောလုံးသေးသေးလေးတစ်လုံး လိမ့်လာပြီး ထိုဘောလုံးလေးနှင့်အတူ ကလေးငယ်လေးတစ်ယောက်တောက်ဆတ်တောက်ဆတ်နှင့် လျှောက်လာသည်ကိုတွေ့လိုက်ရသည်။

Love Book (Paused)Where stories live. Discover now