*1*

665 54 8
                                    

Sunoo's dad - သားရေ အဖေအရေးကြီးတဲ့လူနာရဲ့ မှတ်တန်းကျန်ခဲ့လို့ ခဏနေ အဖေ့သူငယ်ချင်း Mr park လမ်းကြုံဝင်ယူလိမ့်မယ်သား

Sunoo - အော်ဟုတ်....ဟုတ်ကဲ့....

Sunooက လေယာဉ်မောင်‌ဖြစ်ပြီး ဒီနေ့သူပိတ်ရက်မို့နားနေချိန် ဆေးရုံအုပ်ဆရာဝန်ဖြစ်တဲ့အဖေဖြစ်သူရဲ့ခေါ်ဆိုမှုကြောင့်  sunoo ဘာမှ ပြင်ပြင်ဆင်ဆင်မရှိ မျက်မှန်အထူကြီးနဲ့ အိမ်ရှေ့မှာထွက်စောင့်နေသည်

ထိုအချိန် BMW ကားမဲကြီးထဲက ဆင်းလာသော အရပ်ရှည်ရှည်မေးရိုးချွန်ကာပြီးသက်သက်ရပ်ရပ်ဝတ်ထားတဲ့ကြည့်ကောင်းတဲ့လူတစ်ယောက်.....

Sunoo pov - အဖေ အကျင့်မကောင်းဘူးအဲ့လောက်‌ကျွန်တော်အကြိုက်ပုံစံနဲ့ဟာကိုကြိုမပြောဘူး အခုကျွန်တော်ပုံစံက အိမ်ကခိုင်းတာလေးကျလို့...ဟွန်းး

Mr park - ဒီဘက်က Kim sunoo လားခဗျာ ကျွန်တော်က park jongseong ပါ Mr kim ယူခိုင်းတာလေးဝင်ယူတာပါ.....

Sunoo - အော်ဟုတ်...ဟုတ်ကဲ့ဒီမှာပါ ခဗျ

Mr park - ဒါဆိုရင်သွားလိုက်ပါအုံးမယ် ခဗျာ အလုပ်‌ဝင်ရအုံးမှာမို့လို့....

Sunoo - ဟုတ်...ဟုတ်ကဲ့ ကောင်းကောင်းသွားပါ....

Sunoo ပြန်ဝင်ဖို့ တံခါးကိုတွန်းလိုက်တဲ့အချိန် အိအိလေးကိုင်မိသွားတာကြောင့်ကြည့်လိုက်တော့ အိမ်မြောင်ဖြစ်နေသည်sunoo သွေးများပင်ပြောင်းပြန်စီးသွားသလိုပင်ခံစားရကာ အနောက်မှာရှိတဲ့ Mr park ပေါ် ခုန်တက်ကာ အော်ငိုနေမိသည်.....

Sunoo - အိမ်မြောင်ကြီး..Mr park အိမ်မြောင်ကြီး....ဖယ်ပေး....ဖယ်ပေးလို့ ကျွန်တော်ကို စားတော့မယ်....အီး....

Jay ‌တစ်ယောက် သူ့ကိုအတင်းတွယ်ကပ်ကာ အော်ငိုနေတဲ့ကလေးကို ထိန်းကိုင်ကာ အိမ်မြောင်ကိုဖယ်ပေးလိုက်သည်.....

Jay - sunoo shi~အိမ်မြောင်မရှိတော့....

Jay သူ့ကို တွယ်ဖက်ထားတဲ့ sunoo ကိုပြန်ကြည့်လ်ုက်တော့ ခုဏက မျက်မှန်မရှိတော့ဘဲ သူ့ကိုလှည့်ကြည့်လာတဲ့ sunoo ရဲ့ မျက်လုံးညိုညိုလေးကငိုထားတာကြောင့်လဲ့လဲ့လေးဖြစ်ကာ ပုလဲလုံးလေးလိုတောက်ပနေသည်.....

Misplaced loveWhere stories live. Discover now