uni - version
translator @ kittyအစ်ကိုကြီး ပြောတာတော့ သူမ ကို မွေးဖွား
တဲ့ ညအချိန်မှာ လေတွေက ပြင်းထန်နေပြီး
ကောက်ရိုးတွေ ၊ မြက်ပင်တွေ နဲ့ မိုးထား
တဲ့ သူတို့အိမ် အမိုးတွေကိုတောင် လှန်ထုတ်
ပစ်လိုက်နိုင်တယ်တဲ့ ။ ရွာထဲမှာရှိနေတဲ့
သစ်ပင်ကြီးတွေ မှာ ပြိုကျကုန်ပြီး လူတော်တော်
များများလည်း သေဆုံးသွားရတယ် ၊အဲ့ဒါ့ကြောင့် အဲ့ဒီ့ည က လူသားတွေကို လက်စားချေဖို့ အတွက် ဆိုးဝါးတဲ့ကံကြမ္မာအဖြစ် ပြောင်းလဲသွားတယ်တဲ့ ။အဲ့ဒီ့ဖြစ်ရပ်ကြီးအတွက် ရွာသားတွေက သူမ
ကို ကပ်ဆိုးကြီး လို့ စွပ်စွဲကြပေမဲ့ အစ်ကိုကြီး
ကတော့ သူမ ကို ရှားပါးတဲ့ ကောင်းချီးပေးခံ
ရသူအဖြစ် တွေးခဲ့တယ် ။ ပြင်းထန်တဲ့
အဖျားကြောင့် သေဆုံးသွားပြီးဖြစ်တဲ့ အမေ့
ကို မြှုပ်နှံပေးပြီးနောက်မှာတော့ အစ်ကိုကြီး က
သူမ ကို ပွေ့ ချီထားပြီး ပျက်စီးနေတဲ့ ရွာထဲ
ကနေ ညတွင်းချင်း ထွက်ခွာခဲ့တယ် ။အဲ့အချိန်ကစပြီး ၁၀ နှစ်ကြာသွားပြီဖြစ်သည် ။
အစ်ကို က လောကကြီးမှာရှိနေတဲ့ လေးထောင့် အားလုံးကို အိမ် အဖြစ် သတ်မှတ်ပြီး သူမ ကို
သေမျိုးပြည်နယ် တစ်ခုလုံးကို လှည့်ပတ်ခေါ်သွား
ခဲ့တယ် ။သေမျိုးပြည်နယ် တစ်ခုလုံးကို လှည့်ပတ်သွား
ရတဲ့ အကြောင်းအရင်းက သူမ ကြောင့်သာ
မဟုတ်ရင် မသေမျိုးအဖြစ် ကျင့်ကြံချင်
တဲ့ သူ့ စိတ်ကူးအိမ်မက်တွေနောက်ကို လိုက်
တာကြာပြီလို့ အမြဲပြောတတ်တယ် ။အဲ့လိုပြောတဲ့ အချိန်တိုင်း သူမ က အစ်ကိုကြီး
ရဲ့ အင်္ကျီလက်တွေကို ဆုပ်ကိုင်ထားပြီး
ရိုးရိုးသားသားပဲ သူမ အပြုံးတွေကို ဖော်ထုတ်
ပြခဲ့သည် ။ အဲ့အခါကျရင် အစ်ကို
က သူ့ မျက်လုံးတွေကို လခြမ်းကွေး တစ်ခုလို
ကွေးညွှတ်သွားရအောင် ပြုံးပြီး သူမ ခေါင်းလေး
ကို ပွတ်သပ်လာပေးလိမ့်မယ် ။ အဲ့ဒီ့နောက်
ရိုးသားမှုနည်းနည်းလေးတောင် မရှိဘဲ
သူ့ သွားဖြူဖြူလေးတွေ နဲ့ ရယ်ပြရင်း ;
" စိတ်မပူနဲ့ နင့်ကို ဆံထိုးတင် * အခမ်းနား
ရောက်ပြီး တစ်ယောက်ယောက်နဲ့ လက်ထပ်သွား
တဲ့အချိန်ထိ ( ၁၅ ) နှစ်လုံးလုံး ငါ စောင့်ရှောက်
ပေးမှာပါ ပြီးရင်တော့ ငါ ထွက်သွားတော့မှာ "
ESTÁS LEYENDO
မင်းအတွက် ရှင်သန်မယ် || မြန်မာဘာသာပြန် ||
RomanceTitle name : မင်းအတွက် ရှင်သန်မယ် { unicode x zawgyi } Web name : Living up to you Author(s) : 西西东东 English Translator : Rosyfantasy Translator : @ Abil --Gil Genre : Fantasy , Josei ,Martial Arts , Romance ,Tragedy, Xianxia Status in COO : 4...