အပိုင်း(၁)

448 14 4
                                    

(Unicode)

💚❤️💚❤️💚❤️


သိပ်ကိုသာယာ‌တဲ့နေ့လေးတစ်နေ့မှာ ကျွန်တော်သူ့ကိုတွေ့ခဲ့တယ်။ သူ့ပုံစံက အရပ်ခပ်မြင့်မြင့်၊ မျက်နှာက အမြဲမျက်နှာသေနဲ့ တည်တံ့နေတယ်။ သူ့ကိုစာပေးတဲ့ကောင်မလေးတွေကိုလဲ ဂရုမစိုက်၊ဘယ်တော့မှမယူ အမြဲချေသည်။ ကျွန်တော်သူပြုံးရယ်တာကိုမတွေ့ဖူးပေ။ ကျွန်တော်သူ့ကိုစချစ်မိခဲ့တာ အဲ့နေ့ကတည်းကပင်။ ယခုဆိုလျှင် 2နှစ်တောင်ရှိပြီဖြစ်သည်။ ကျွန်တော်သူ့ရဲ့အနီးနားကို ဘယ်တုန်းကမှမသွားခဲ့ဖူးပေ။ အဝေးကနေသာ အမြဲငေးကြည့်ခဲ့သည်။

သူကတော့ ကျွန်တော်သူ့ကိုငေးကြည့်ချင်တာသိမည်မထင်။ ဘာလို့ဆိုသူ့ကိုငေးတဲ့သူကများလို့ပင်။
သူက ကျွန်တော့်ထက်6နှစ်ငယ်သည်။ ယခုနှစ်ဩဂုတ်လတွင် အသက်26ပြည့်တော့မည့်ကောင်လေးပင်။ သူ့နာမည်က ဝမ်ရိပေါ်တဲ့။ ရိပေါ်ကအမြဲအေးစက်ပြီး မျက်နှာကြောတင်းပေမဲ့ လူကြီးသူမနှင့်အမျိုးသမီးကလေးသူငယ်များကိုတော့ လေးစားမှုနှင့်ဂါဝရတရားရှိသည်။

ကျွန်တော် သူ့ကိုတွေ့သည့်နေ့က သူသည် ကလေးတစ်ယောက်နှင့်လမ်းပေါ်တွင်ဒုက္ခရောက်နေသော အမျိုးသမီးတစ်ယောက်ကို အစားအသောက်များပေးကာ နေထိုင်ရန် ကလေးသူငယ်နှင့်အမျိုးသမီးများစောင့်ရှောက်ရေးဂေယာကိုခေါ်သွားခဲ့သည်။ ဒါတွေဘယ်လိုသိသလဲဆို သူ့ထိုသို့စလုပ်ကတည်းက ကျွန်တော်လိုက်ကြည့်နေသောကြောင့်ပင်။ သူ‌ဂေယာသို့သွားသောအခါ ကျွန်တော်လဲ သူ့နောက်မှစက်ဘီးတစ်စီးဖြင့်လိုက်ချောင်းခဲ့သည်။ တော်သေးသည်က ကျွန်တော်လိုက်ချောင်းတာကို သူမမြင်သွားခဲ့လို့ပေ။

ကျွန်တော်ရဲ့နေ့စဉ်အလုပ်ကတော့ ရိပေါ်ကိုလိုက်ချောင်းရတာပါပဲ။ ဒီနေ့လဲကျွန်တော်အလုပ်ပြီးတာနဲ့ သူ့နောက်ကိုလိုက်ချောင်းခဲ့တယ်။ အခုသူကဆိုင်ကယ်တစ်စီးနဲ့ မိဘမဲ့ဂေယာကိုသွားနေတာ..။ ကျွန်တော်ကတော့ စက်ဘီးနဲ့။ ဟဟ..ရယ်ရတယ်နော် သူကဆိုင်ကယ်၊ လီဗာလေးတစ်ချက်ဆွဲရုံနဲ့ လိုရာခရီးကိုအမြန်ဆုံးရောက်တယ် ကျွန်တော်ကတော့ လိုရာခရီးရောက်ဖို့ ခြေထောက်နဲ့အားကုန်အောင်နင်းပြီးမှ ရောက်တယ်။ ဒါတောင်ကျွန်တော်သူ့ကိုလိုက်ချောင်းနေတုန်းပါပဲ။

ချစ်တာလေးတော့သိစေချင်သည် (YiZhan Short Story)Where stories live. Discover now