အပိုင်း(၂)

146 11 7
                                    

(Unicode)

နောက်တစ်နေ့တွင် ထုံးစံအတိုင်း မနက်5နာရီခွဲတွင် ရှောင်းကျန့်နိုးလာသည်။ ပုံမှန်အတိုင်းပါပဲ..။ မျက်နှာသစ်သွားတိုက်၊ အိမ်အလုပ်လုပ်၊ ပြီးတာနှင့် အိမ်မှထွက်ခဲ့ကာ ကော်ဖီဆိုင်သို့ထွက်လာလိုက်သည်။

‌ကော်ဖီဆိုင်ရောက်မှ မနက်စာ ချောကလက်ပူပူလေးနှင့် Sandwich တစ်ခုစားကာ ကောင်တာတွင်ထိုင်နေလိုက်သည်။

ဒီနေ့တော့ ဝမ်ရိပေါ်မလာပါ။ ကျွန်တော်တစ်‌နေ့လုံးမျှော်နေခဲ့သော်လည်း ဆိုင်ပိတ်သည်ထိ သူပေါ်မလာခဲ့ပါ။ အလုပ်မအား၍ထင်သည်။

ရှောင်းကျန့် ဆိုင်ပိတ်သည်နှင့် ရိပေါ်ကိုတွေ့လိုတွေ့ငြား ရိပေါ်သွားနေကြ ဂေယာသို့သွားကြည့်ခဲ့သေးသည်။ သို့သော်မတွေ့ပေ။ ရှောင်းကျန့်ဝမ်းနည်းစွာ စက်ဘီးလေးစီး၍ အိမ်သို့ပြန်လာခဲ့လိုက်သည်။

အိမ်သို့ရောက်သောအခါ အိမ်သန့်ရှင်းလုပ်ပြီး ညစာချက်ရန်ပြင်တော့သည်။ သို့သော်ညစာမချက်မီ ဖုန်းတစ်ကော(လ်) ဝင်လာခဲ့သည်။

📞Ringing📞

"ဟယ်လို.."

"ဟယ်လို"

ရှောင်းကျန့်ပျော်သွားသည်။ ဒါသူတစ်နေကုန်တွေ့ချင်နေသည့် ဝမ်ရိပေါ်၏အသံပင်။ ရှောင်းကျန့် ညစာချက်ရန်ပြင်နေသည်မို့ ‌ဖုန်းcontactကိုသေချာမကြည့်ဘဲ ကိုင်လိုက်သည်။ ထို့ကြောင့်ရိပေါ်ဖုန်းမှန်းမသိလိုက်တာဖြစ်သည်။

"ရှောင်းကျန့်လား"

"အွန်း ငါပါ။ ဘာကိစ္စရှိလို့လဲ ဝမ်ရိပေါ်"

"ဒီနေ့ညအားလား? ကျွန်တော်ခင်ဗျားကို ညစာလိုက်ကျွေးချင်လို့"

"အာ..အားနာစရာကြီး"

"ရပါတယ်..၊ အားရဲ့လား?"

"ဪ..အားပါတယ် အားပါတယ်၊ အခုပဲညစာချက်တော့မလို့၊ ဝမ်ရိပေါ်ဖုန်းဆက်တာမြန်သွားတယ်..၊မဟုတ်ရင် ညစာတွေအလကားဖြစ်ကုန်မှာ"

"အင်း ည7နာရီလာခေါ်လိုက်မယ်၊ အိမ်ရဲ့လိပ်စာကို ပို့ထားပေးပါ။"

"ဪ..ကောင်းပါပြီ"

📞Call end📞

ထို့နောက် တစ်တီ တီ တီ ဖြင့်ဖုန်းလေးကျသွားလေသည်။ ဖုန်းကျသွားသည်နှင့် ရှောင်းကျန့်တစ်ယောက် ဝမ်းသာပီတိဂွမ်းဆီထိကာ ထခုန်တော့လေသည်။

ချစ်တာလေးတော့သိစေချင်သည် (YiZhan Short Story)Où les histoires vivent. Découvrez maintenant