Cruel Summer

722 63 7
                                    

Recommending song - Cruel Summer~ Taylor Swift

Unicode //

တိတ်ဆိတ်ခြောက်ကပ်သောနွေရာသီ၏လမ်းကလေးပေါ်တွင် စက်ဘီးကလေးတစ်စီးတရွေ့ရွေ့မောင်းနှင်နေပါသည်။

မောင်းနှင်သူ၏နှုတ်ခမ်းထက်ဝယ် အပြုံးတို့ကချိတ်ဆွဲလျက်။ လက်ကနာရီလေးကိုတချက်ငုံ့ကြည့်လိုက်ပြီး ပုံမှန်ရွေ့လျားနေသောခြေနင်းတံတို့ကို မက်သရူးမြန်မြန်အရှိန်တင်လိုက်၏။

ခဏအကြာ သူဦးတည်နေသောစာအုပ်ဆိုင်ရှိလမ်းကြားလေးထဲကို စက်ဘီးကလေးချိုးကွေ့ဝင်သွားပါတော့သည်။ နက်ဖြန်ကျောင်းပိတ်ရက်ဖြစ်သည်မို့် သောကြာနေ့ညနေခင်းတိုင်းမက်သရူး လာ​​နေကျစက္ကူပန်းလေးအုပ်မိုးထားတဲ့စာအုပ်ဆိုင်လေးဆီပဲ ဖြစ်သည်။

စာအုပ်ဆိုင်ရှေ့ရောက်သောအခါ
မက်သရူးစက်ဘီးကို အရှိန်သပ်လိုက်ပြီး ဒေါက်ကိုထောက်၍ရပ်လိုက်သည်။ ထို့နောက် စက်ဘီးစီးလာရတာကြောင့် နဖူးမှာအနည်းငယ်ပျံနေတဲ့ချွေးစေးများကို အပေါ်ထပ်ရှပ်လက်ရှည်ကွက်ရဲ့လက်ဖျားလေးနဲ့ ဖွဖွသုတ်လိုက်ရသည်။

"အမ ကျွန်တော်ပြောထားတဲ့ဝတ္ထုစာအုပ်ရပြီလား"

စာအုပ်ဆိုင်အတွင်းဝင်လိုက်ပြီးမှ စာရင်းမှတ်ရင်းထိုင်ခုံပေါ်မှာထိုင်နေတဲ့ တွေ့မြင်နေကျအမကို မက်သရူးရင်းနှီးစွာပြုံး ပြရင်းမေးလိုက်သည်။

"ရတယ်မောင်လေး"

မက်သရူး၏အပြုံးကို ထိုအမကပြန်တုံ့​ပြန်ရင်း ပြုံးပြကာ အံဆွဲထဲကစာအုပ်လေးတစ်အုပ်ကိုထုတ်ပေးလာသည်။

"ဟီးကျေးဇူးနော်အမ ကျွန်တော်ဒီစာအုပ်အရမ်းဖတ်ချင်နေတာ.."

"အယ် မောင်လေး.. မောင်လေးကြိုက်တဲ့ဆရာဂျော်နသန်ရဲ့စာအုပ်အသစ်တွေလည်းထပ်ရောက်တယ်နော်။ အနောက်ဘက်စင်တွေကြားထဲမှာ"

မက်သရူးမျက်ဝန်းတောက်တောက်ပပလေးတွေဖြင့် ပြုံးလိုက်ရင်း အနောက်ဘက်စင်ဘက်ကိုအပြေးလေးသွားကြည့်လိုက်မိ၏။

မဟုတ်တောင်မက်သရူးမပြန်သေးဘဲ စာအုပ်စင်တွေကြားဝင်၍ စိတ်ဝင်စားစရာစာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်ရှာရတာကို မက်သရူးနှစ်ခြိုက်သည်။ မက်သရူးရဲ့နွေရာသီက လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ပြတင်းပေါက်ဘေးမှာငြိမ်သက်စွာထိုင်ပြီးစာအုပ်လေးတစ်အုပ်ဖတ်နေရသည်ပဲ ဖြစ်၏။

The summer of falling in love (gunthew)Where stories live. Discover now