Recommending song - Every Summer time ~ Niki
Unicode //
"မင်းမနေ့က ကိုယ့်ကိုစာအုပ်ငှားမယ်ပြောထားတယ်လေ၊ အဲ့တာမင်းရဲ့စာကြည့်ခန်းထဲက စာအုပ်တွေငှား"
"အဲ့လိုပြောမိလို့လား"
"ပတ်ဂွန်းနု!"
စူပုပ်ပုပ်လေးေအာ်ခေါ်လာပြီး ကြည့်လာတဲ့မက်သရူး၏ပုံစံက အမြဲတည်တည်နေတတ်တဲ့သူ့မျက်နှာကိုတောင်ပြုံးစေရ၏။
"ဒီစာအုပ်ယူမယ်၊ ဒီစာအုပ်လည်းယူမယ်၊ နောက်ပြီး..ဒီစာအုပ်လည်းယူမယ်"
စာကြည့်ခန်းထဲကသူကြိုက်သမျှစာအုပ်တွေကိုတစ်အုပ်ပြီးတစ်အုပ်ဆွဲယူကာ လက်ထဲပိုက်ထားရင်းမှ နောက်တစ်အုပ်ကိုဆွဲမည်အပြုတွင် ဂွန်းနု မက်သရူးလက်ထဲရောက်တော့မဲ့စာအုပ်တစ်အုပ်ကိုဆွဲလုလိုက်သည်။
"အချစ်စာအုပ်က ကလေးတွေမဖတ်ရဘူး"
"မင်းကတော့ဖတ်တယ်ပေါ့လေ။ ကိုယ့်ကိုတော့ကလေးပေါ့ ဟုတ်လား!"
ဂွန်းနုလက်ကိုပိုက်ကာ စာအုပ်စင်ဘက်ကိုခပ်လျှောလျှောမှီချလိုက်ရင်းခေါင်းကိုညိမ့်ပြလိုက်၏။
"ကလေးကလူကြီးကိုဆရာပြန်လာလုပ်နေတယ်။ မင်းကရော ကလေးမဟုတ်လို့ဘာလဲ"
"..."
မသိဘူးလေဆိုသည့်ပုံစံဖြင့်ဂွန်းနုကိုပခုံးလေးတွန့်ပြလိုက်တော့ မက်သရူးကကြည့်နေရင်းမှ ဂွန်းနုလက်ထဲကစာအုပ်ကိုဆွဲလုလာသည်။
"ပေးကွာ ကိုယ်အဲ့စာအုပ်ဖတ်ချင်တာ.."
"မပေးပါဘူး။ ကလေးတွေမဖတ်ရဘူးလို့ပြောနေတယ်လေ"
"မင်းနော်! ကိုယ့်ကိုကလေးလို့လာမပြောနဲ့။ ကိုယ်မင်းထက်ကြီးတယ် အဲ့ဒီလိုလာမဆက်ဆံနဲ့"
ရှည်လျားသည့်အရပ်ဖြင့် ရပ်နေရင်းမှဂွန်းနုစာအုပ်ကိုအပေါ်သို့မြှောက်ကာ မမှီမကမ်းလှမ်းလုနေသောမက်သရူးကိုငဲ့ကြည့်လိုက်သည်။
အရပ်ကွာခြားမှုက သူတို့နှစ်ဦးကြားတွင်သိသိသာသာရှိလှသည်။ ဂွန်းနုရဲ့လက်ထဲကစာအုပ်ကိုလုမရသည့်အဆုံး မက်သရူးစူပုပ်ပုပ်လေးကြည့်လိုက်ပြီး ဂွန်းနု၏ခြေထောက်ကိုဖနောင့်ဖြင့်တက်နင်းပစ်လိုက်၏။
YOU ARE READING
The summer of falling in love (gunthew)
Fanfiction"တခြားသူဘာဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး! ခင်ဗျားကျုပ်အနားရှိနေဖို့ပဲ အရေးကြီးတယ်ဆော့မက်သရူး" "ကိုယ်လည်း မင်းအနားမှာပဲရှိနေချင်တာပါ.."