" တီးလုံးသံတွေနဲ့သိပ်မကြားလိုက်လို့လေ... Babyခုနကပြောတဲ့စကားလေး ပြန်ပြောကြည့်စမ်းပါ... ဘာပြောလိုက်တာ? "
" ကျွန်တော်ဒီည ဒီမိန်းကလေးနဲ့သွားအိပ်မှာ"
" ကိုယ်နဲ့ပြန်မလိုက်တော့ဘူးလား "
" မလိုက်ဘူး "
" ပြန်မလိုက်မှာ တကယ်သေချာလား "
" အခါတစ်သိန်းလောက်သေချာတယ်!"
" ပြန်ရောက်ရောက်ချင်း မင်းဆီကိုချက်ခြင်းလိုက်လာရတာနော် "
" ခင်များကိုလိုက်လာပါပြောလို့လား "
" မင်းမျက်နှာလေးပဲ အရင်ဆုံးမြင်ချင်လို့... ဒီလိုနေရာတွေမှာ စိတ်မချလို့ ... လာခေါ်တာ! "
" ခင်များလာခေါ်လို့ကို မပြန်ချင်တော့တာ... ခင်များမျက်နှာကိုမြင်လိုက်ရလို့ တခြားမိန်းမနဲ့အိပ်ချင်သွားတာ"
စကားတစ်ခွန်းနဲ့တင် ရင်ဘတ်ထဲ တင်းကျပ်နာကျင်သွားတဲ့အထိ ဘေဘီ့ရိုက်ချက်တွေ ပြင်းလွန်းလိုက်တာ...
ကုန်ဆုံးသွားတဲ့သည်းခံနိုင်စွမ်းတွေများ ပြန်ရှာတွေ့မလားလို့ ဘေဘီ့မျက်နှာလှလှကို တစ်ချက်ကြည့်ပြီး စိတ်ပြောင်းသွားအောင် အာရုံလွှဲလိုက်လည်း မရတော့...။"ခင်များရောက်လာတာနဲ့ပဲ ကျွန်တော်ပျော်ရမယ့် အစီအစဥ်တွေကို ဖျက်ပစ်လိုက်စရာ ဘာအကြောင်းမှမရှိဘူးလေ"
" ဒီလိုနေရာတွေမှာပျော်တာ ကိုယ်မကြိုက်ဘူး"
" ခင်များမကြိုက်လည်း ကျွန်တော်ကြိုက်တယ်... ဒီညအတူအိပ်ရမယ့်သူက ခင်များမဟုတ်ဖို့ပဲ "
" အော်.... "
ပြောလိုက်တဲ့စကားတွေထဲမှာ ရယ်စရာတစ်ခုမှပါမနေခဲ့ပဲ ခေါင်းတစ်ညိမ့်ညိမ့်လုပ်ရင်း အေးအေးဆေးဆေးပြုံးပစ်လိုက်မိတဲ့ သူဟာ... ခုနကတည်းက လက်လှမ်းထားတဲ့ ဝိုက်ခွက်ကို အသာအယာလှမ်းယူပြီး အနည်းငယ်မော့ချလိုက်သည်။
ခန္ဓာကိုယ်ကသွေးကြောတွေထဲ ဒီထက်ပိုပြီးပူပြင်းသွားခဲ့ပမယ့် ဘေဘီ့စကားတွေလောက်တောင် အဆိပ်မပြင်းတဲ့ ဝိုင်တွေသည် ဘေဘီ့ကိုနမ်းရတာလောက်တောင် တစ်စက်လေးမှအရသာမရှိ...။