" လွှတ်!"
" ငြိမ်ငြိမ်နေစမ်း! "
ကျွတ်သွားတဲ့အင်္ကျီကို ကောက်ဝတ်လိုက်ရင်း ပြန်ထလာဖို့အတင်းကြိုးစားနေတဲ့ ဘေဘီနဲ့...
ဘေဘီ့ကိုအတင်းအကျပ် ချုပ်နမ်းနေသောသူဟာ ကားကျဥ်းကျဥ်းထဲမှာဝုန်းဒိုင်းကြဲ...။ခါးကနေလှမ်းဖက်ပြီး ခန္ဓာကိုယ်ကို ဆောင့်ဆွဲလှည့်လိုက်တော့ အဝတ်အစားဖရိုဖရဲနဲ့ မော့ကြည့်လာတဲ့မျက်နှာနုနုပေါ်က ဘေဘီ့နှုတ်ခမ်းတွေက သူနမ်းထားတာမို့လို့ ဖူးကြွနေတာပဲ...။
သိပ်မက်မောရတဲ့ သူ့ရဲ့မူပိုင်နှင်းဆီဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယစ်မူးရူးသွပ်စရာကောင်းနေဆဲ...။
" မင်းကို ပျော်အောင်လုပ်ပေးမယ်လို့ ပြောထားတယ်လေ"
" ပျော်ချင်တာက ခင်များနဲ့မဟုတ်ဘူး"
" အေး... ထပ်ပြောစမ်း "
" ခင်များနဲ့ဆို ဘာဖြစ်ဖြစ်မပျော်ဘူး...!"
ဖြောင်း...!!
နာကျင်ရှက်ရွံ့ခြင်း... မခံမရပ်နိုင်ခြင်းတို့ကြောင့် ဘေဘီ့မျက်နှာပေါ်လွှဲချလိုက်မိသော လက်တစ်ဖတ်ရဲ့အားသည် ဘေဘီ့မျက်နှာလည်ထွက်သွားရုံမက ထိုင်ခုံပေါ်ပြန်လဲကျသွားတဲ့အထိ...။
အခက်ထန်ဆုံးမျက်နှာပေးနဲ့ သူ့ကိုပြန်မော့ကြည့်လာတဲ့ ဘေဘီ့မျက်နှာပေါ်တွင် လက်ဖဝါးရာတစ်ခုက နီရဲသွားပြီး နှင်းဆီလိုနှုတ်ခမ်းဖူးတွေက ဒီတစ်ခါတော့ သွေးစတွေစွန်းပေနေခဲ့သည်။
မထင်မှတ်ထားတဲ့ သူ့ရဲ့တုန့်ပြန်မှုကြောင့် ဘေဘီသည် သူ့ကိုတစ်ခါမှ မမြင်ဖူးခဲ့သူလိုမျိုး ထိတ်လန့်အံ့သြစွာ စိုက်ကြည့်ပြီး မှက်သက်သွားခဲ့သည်။
" ခင်များက... !"
ဘာမှပြန်ပြောခွင့်မပေးတော့...
သူဘာမှထပ်မကြားချင်တော့...
တစ်ချက်လေးပဲ ခပ်နက်နက်စိုက်ကြည့်ကာ ကားထိုင်ခုံနဲ့ဖိကပ်ပစ်လိုက်ပြီး မျက်နှာသေးသေးလေးကို ပါးနှစ်ကနေလက်နဲ့ဆွဲညှစ်ထားရင်း သွေးစွန်းနေတဲ့ နှုတ်ခမ်းတွေကိုပဲ နစ်မွန်းနေအောင် ထပ်နမ်းပစ်လိုက်သည်။