P1

737 50 1
                                    

" ဆောင်းဟွန်းနား..မင်းပြောကြည့်စမ်းပါကွာ ငါ့မှာဘာအပြစ်ရှိလို့ သူကငါ့ကို ပြတ်မယ်လို့ပြောသွားရတာလဲ ??
အား.....ကိုကိုတွေမကောင်းဘူး ငါသူနဲ့တကယ်ကြီး လမ်းခွဲတော့မှာ..

မင်းစဥ်းစားကြည့် ...ဘယ်သူကကိုယ့်ရည်းစားကို တခြားကောင်တွေနဲ့ ရင်းရင်းနှီးနှီးနေတာမြင်ချင်မှာလဲ....ဟုတ်တယ်မလား...သူကငါ့ခံစားချက်ကိုအလေးမထားဘူး..သူလုပ်ချင်ရာလုပ်တယ်...တော်ပြီ ငါသူနဲ့လမ်းခွဲမယ်.."

ချွဲဆူဘင်းက ပြောလိုက် သောက်လိုက်နဲ့ သူ့ရှေ့မှာ ဘီယာပုလင်းတွေတောင်လိုပုံလာတာတောင်မရပ်သေး....

ဆိုင်ထဲကလူတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့ဆိုတော့ introvertလေး ဆောင်းဟွန်းခမျာနေရခက်နေရှာပြီ~~

ငါ့မှာဘာအပြစ်ရှိလို့ ချွဲဆူဘင်းနားဒုက္ခပေးတာခံနေရတာလဲလို့...

ကိုယ့်ဘာသာအိမ်မှာစာလုပ်နေတာကို အပြင်ခဏလောက်လိုက်ခဲ့ပါဆိုပြီး အမေ့ကိုပြောပြီး အတင်းတွေခေါ်ထုတ်လာတာ နောက်ဆုံးတော့ အရက်ဆိုင်မှာ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို နားသောတဆင်ပေးနေရတဲ့ဘဝ~~

ငယ်ငယ်တည်းက အိမ်နီးချင်းတွေဖြစ်နေလို့ပဲလား အချိန်အကြာကြီးCrushခဲ့ရသူဖြစ်နေလို့ပဲလားမသိ ချွဲဆူဘင်းရဲ့ဒဏ်ကို တခြားသူတွေထက် ဆောင်းဟွန်းကပိုခံရပါသည်

ဆောင်းဟွန်းရဲ့အနာဂတ်ရည်မှန်းချက်တွေထဲက crushနဲ့အတူသာမန်အထက်တန်းကျောင်းလေးကနေ SNUအထိအတူသွားချင်တဲ့ဆန္ဒလေးကတော့ဖြစ်မြောက်ခဲ့ပြီး အိမ်နီးနားချင်းကနေ ရည်းစားထိဖြစ်ချင်တဲ့ဘဝက အခုတော့ ပဲလှော်ကြားညှပ်နေရတဲ့ဆားသာသာရယ်~

သူ့ဘေးနားမှာ အချိန်ပြည့်ရှိနေပြီး သူပြောသမျှအကုန်နားထောင် အကုန်ဖြည့်ဆည်းပေးတတ်တဲ့ ဆောင်းဟွန်းကိုကျော်ပြီး သူ့ကို တစ်စက်ကလေးမှအမြင်မကြည်တဲ့ စီနီယာတန်းက ချွဲယွန်ဂျွန်းကိုမှမရရင် သေရပါတော့မယ်ဆိုတဲ့ ချွဲဆူဘင်းက အနီးမှုန်နေတာလား လုံးလုံးကို ကန်းနေတာလား နားမလည်နိုင်တော့ဘူး....

ကံကောင်းထောက်မလို့ရည်းစားဖြစ်သွားကြတော့လည်း ထိုစုံတွဲက သူ့ကိုတစ်မျိုးပြီးတစ်မျိုးဒုက္ခပေးကြပါသည်~~

💗Ethan's baby Ben💗Where stories live. Discover now