အချိန်စက်ဝန်းကတစ်ပတ်ကုန်လွန်လာလို့ ပတ်ဆောင်းဟွန်းလည်း Ethanဆိုတဲ့လူအကြောင်းကိုမေ့ပျောက်စပြုနေပြီ~~အခုလည်းဆောင်းဟွန်းတို့သူငယ်ချင်းတစ်သိုက်ဂုန်းဆင်းဖို့ စားသောက်ဆိုင်ကိုရောက်နေတာပင်~~~
"ကြက်ကြော် အချိုတစ်ပွဲ အစပ်တစ်ပွဲ ငါးပြောင်းဖူးအစာသွပ်တစ်ပွဲ ရေညှိထမင်းလိပ်ကသုံးပွဲ ဂင်ချီဟင်းရည်တစ်ပွဲ ပင်လယ်စာခေါက်ဆွဲနှစ်ပွဲ ဖက်ထုပ်ပြုတ်နှစ်ပွဲ ပဲနီလေးရေခဲမုန့်သုံးခွက် တခြားမှာချင်တာရှိသေးလားဟင်"
ဂျောင်ဝန်းက Menuကိုကြည့်ပြီးတရစပ်မှာနေရင်းနဲ့အားလုံးကိုလှမ်းမေးသည်~~
Jakeမျက်နှာကတော့ ပြိုတော့မဲ့မိုးလိုစူပုတ်နေပြီ~~
ဒီနေ့ကသူကျွေးရမှာလေ~~
Tutorialဖြေလို့ အမှတ်၉၀ကျော်ရင်တစ်ဝိုင်းဆိုပြီးအာချောင်ထားမိတာ ကိုယ့်ထိုက်နဲ့
ကိုယ့်ကံပေါ့~"ဘာလို့ရေခဲမုန့်သုံးခွက်ထဲလဲ ခြောက်ခွက်မှာလိုက်လေ ခြောက်ယောက်တောင်ကို နှစ်ယောက်တစ်ခွက်မဝဘူးဟ~အာ့ ဘာလဲဟ"
ခုံအောက်ကနေ ဆောင်းဟွန်းခြေထောက်ကိုဖြတ်ကန်ရင်းJayကမျက်ရိပ်ပြသည်
Jakeက ဆောင်းဟွန်းကို လူသတ်ချင်တဲ့မျက်နှာပေးနဲ့ကြည့်နေပြီ
တကယ်ကိုအလိုက်ကန်းဆိုးမသိတဲ့ပတ်ဆောင်းဟွန်းပဲ~~
အမှတ်အနည်းဆုံးလူသာကျွေးကြေးဆို ၃၀ကမတက်တဲ့ပတ်ဆောင်းဟွန်းတို့အပတ်တိုင်းကျွေးနေရမှာ~~
"တော်ပြီတော်ပြီ ဒါဆို Colaသုံးခွက်ပဲထပ်ပေးပါနော် "
အစားအသောက်မှာကြားတာကိုဂျောင်ဝန်းကပဲအလျင်အမြန်အပြီးသတ်လိုက်ရသည်~
တော်ကြာစေတနာရှင် စိတ်ဖောက်လို့ ငတ်တော့မှဒုက္ခ~~
"ဘာလဲ ဘာလဲ ငါပြောတာမှားလို့လား ဒီသုံးခွက်ကခြောက်ယောက်စားရင် ဘယ်ချောင်မှကပ်မှာမဟုတ်ဘူး"
"မင်းမမှားဘူး ငါမှားတာ ပတ်ဆောင်းဟွန်းရေ ကျေးဇူးပြုပြီး ပါးစပ်လေးပိတ်ပေးပါတော့"
YOU ARE READING
💗Ethan's baby Ben💗
Fanfiction*ကိိုကိုကို့မေ့ပစ်ပြီး အေးအေးချမ်းချမ်းနေလို့ရမယ့်ဘဝကိုပေးသနားတော်မူပါ ဘုရားသခင်*