P6(FINAL)

571 59 10
                                    

အိပ်မက်ထဲမှာသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်မြင်ရပြီးတဲ့နောက်မှာတော့ ဆောင်းဟွန်းတစ်ယောက် Ethanကိုရှောင်နေပါတော့သည်~~

လောကကြီးကဆန်းကြယ်လိုက်တာ~

သူ့ရဲ့တလွဲမွေးနေ့ဆုတောင်းကြောင့် သူ့အတွက်အရေးအပါဆုံးလူတစ်ယောက်ကိုမေ့ပျောက်သွားတဲ့အထိ~~

ပတ်ဆောင်းဟွန်းကငယ်ငယ်တည်းကချစ်မွေးလေးဆိုတော့ဘုရားသခင်က သူ့ကိုအရမ်းတွေချစ်ပုံပါပဲ~~

အခုတော့သူ့မှာEthanကိုမြင်တိုင်း ရင်ခုန်တာရော သူလုပ်ခဲ့တာတွေကြောင့်ရောမျက်နှာတွေပူရလွန်းလို့ မတွေ့အောင်နေဖို့ကြိုးစားနေရသည်

ကံကလည်းကောင်းချင်တော့ Ethanက သူ့မိဘတွေလှမ်းခေါ်လို့USကိုပြန်သွားတယ်တဲ့လေ~~

"မင်းလည်းနော် Ethanမရှိမှပဲ ငါတို့ကိုသတိရတော့တယ်"

"အခုမင်းဘာလုပ်မှာလဲ မင်းအရင်တုန်းကအကြောင်းတွေကိုပြန်မှတ်မိသွားပြီလို့ဖွင့်ပြောမှာလား"

"အဲ့လိုပြောလိုက်ရင် ငါကသူ့ကိုမေ့ပစ်ဖို့ဆုတောင်းခဲ့တာပါသိသွားမှာပေါ့~သူငါ့ကိုမုန်းသွားရင်ဘယ်လိုလုပ်မလဲ"

"မုန်းသွားတော့လည်း အမုန်းခံလိုက်လေ~မင်းကမဟုတ်တာလုပ်ထားတာကို"

"yaa~~Jay မင်းပါးစပ်ပုပ်ကြီးနဲ့နော်~ငါတကယ်သူ့ကိုသဘောကျသွားပြီလို့~မဟုတ်ဘူး ငယ်ငယ်လေးတည်းကသဘောကျခဲ့တာ"

"ဒီကိစ္စကမင်းကိုယ်တိုင်ရှင်းမှရမှာလေ~ငါတို့လည်းကူပေးလို့မရဘူး ~Ethanကမင်းကိုချစ်နေတာပဲ သူမင်းကိုနားလည်ပေးမှာပါ"

"သူလား~ငါ့ကိုမချစ်ပါဘူး~ရေလာမြောင်းပေးလုပ်ရလွန်းလို့လည်း သမုဒ္ဒရာလောက်ဖြစ်တော့မယ်~သူသိတာ ငါ့ကိုဘယ်လိုပြန်မှတ်မိလာအောင်လုပ်ရမလဲဆိုတာပဲသိတာ~ငါချစ်တာကိုကျမြင်အောင်မကြည့်ဘူး Ethanကတကယ့်လူဆိုးကြီး "

ပတ်ဆောင်းဟွန်းစိတ်ညစ်နေတာမို့ ဘယ်သူငယ်ချင်းမှစိတ်မချမ်းသာရပါဘူး~

~~~Ding Ding~~~

"ဟျူနင်းခါအီဆီကဖုန်းပဲ~"

မဆက်စဖူးဆက်လာတာမို့လို့ ဆောင်းဟွန်းအတွက်ထူးဆန်းနေသည်

💗Ethan's baby Ben💗Where stories live. Discover now