#Unicode
"ကျွန်တော်မသိခြင်းများ''
🍁🍁🍁
Kim Seok Jin ၏ ရှုထောင့်အမြင် POV
ကျနော့်နာမည်က Kim Seok Jin ပါ။ ကျနော့်အလုပ်အကိုင်ကဂျိုဆွန်းပြည် တစ်လွှားမှာလိုက်ပြီးဆေးကုသနေတဲ့ ရိုးရာ တိုင်းရင်း
ဗိန္တောဆရာဆိုပါတော့ဗျာ...ခေတ်ကာလအားဖြင့် ဂျပန် အင်ပါယာက ဂျိုဆွန်းပြည်ကို စတင်လို့ အုပ်စိုးစဥ်ကာလ ထိုအချိန်က ဂျပန်အင်ပါယာလက်အောက်ခံ...
ထိုစဥ်အခါက Busan မြောက်ပိုင်းနယ်ရှိ ''Park'' စံအိမ်တော်ကြီးကိုခြေချရောက်ခဲ့စဥ်ကပေါ့ဗျာ။
ဒီဟော်နန်းလို့ပဲပြောရမလား
စံအိမ်တော်ကြီးလို့ပဲဆိုရမလား ဘာပဲဖြစ်ဖြစ်ဒီနှစ်ဆောင်ပြိုင်အိမ်ကြီးဟာ နယ်ခံစော်ဘွားကြီးရဲ့ မြစ်တော်..ဂျိုဆွန်းဘုရင့်တော်ဝင်ဘုရင်အမျိုးနွယ်ရဲ့သွေး သခင်လေး Park Jimin စံမြန်းရာဂေဟာပေါ့။ သခင်လေး Jimin
ဆိုတဲ့ကိုယ်တော်လေးကရှေး ဂျိုဆွန်း ဘုရင်မင်းဆက်ရဲ့ဆွေဆက်မျိုးဆက်တော်စပ်သတဲ့ဗျ။သို့ပေမဲ့...
သူ့ရဲ့အဘိုးတော်ဘုရားကြီးမင်း သခင်ကြီး Park ဟာ Japan တွေ Jeoson ကိုစတင်ဝင်ရောက်ကျူးကျော်ချိန်မှာပဲနယ်ချဲ့ကိုတော်လှန်ရင်းအသက်ပေးခဲ့ရတော့ ဘွားအေဖြစ်သူဟာ သားတော်ကြီး နဲ့သားတော်တို့လက်ကိုဆွဲလို့ Busan ပြည်နယ်မြောက်ပိုင်းဒေသဖက်ကိုပြေးလွှားရှောင်ပုန်းခဲ့တယ်။ သားတော်ကြီးကငယ်စဥ်ခါမှာပဲနဲ့ဆုံးပါးခဲ့လို့..သူတို့သားအမိဟာ Busan နယ်ကိုအစိုးရတဲ့စော်ဘွားကြီးထံမှာခိုလှုံရင်းသား တော်လေး ဟာအရွယ်ရောက်တော့စော်ဘွားကြီးရဲ့မြေးတော်မလေး နဲ့အိမ်ထောင်ကျသတဲ့။ ဒီမှာပဲ သားတော်လေး Park Jimin ကိုမွေးဖွားခဲ့သတဲ့။
မင်းညီမင်းသားသွေးစူးလို့ပဲပြောရမလား.. သခင်လေး Jimin ဟာအင်မတန်ရှေးရိုးရာဆန်တုန်းဗျ..အချိန်ကာလအားဖြင့် ၁၉၂၀
ကိုပင်ရောက်နေသော်ဌား.
သခင်လေးရဲ့ဝတ်စားဆင်ယင်ပုံဟာ ဂျိုဆွန်းခေတ်ကလိုပဲ Hanbok နဲ့ Gat ဆိုတဲ့ ခမောင်ဝိုင်းကြီးကိုဆောင်းလို့ ဒီလို ကိုရီးယန်းဆန်ဆန် ပုံကိုအမြဲဝတ်ဆင်တယ်။ လိုက်ဖက်လှတဲ့ Hanbok နဲ့အသွေးရောင်ကျလွန်းလှတဲ့သခင်ငယ်ဟာအရောင်ခပ်ဖျော့ဖျော့ယဥ်
ယဥ်လေးတွေကိုသာဝတ်ဆင်တတ်စမြဲ။
YOU ARE READING
(JinKook/Vmin) Short Stories 🔞🔞
FanfictionJinKook and VMin short stories collections 🌚❤️🔞🚨⛔❣️ #KookJin #JinKook #Vmin #MinV #BL #BoyxBoy #Romance #BottomKook