The Things I Never Knew - 2 Ending (Vmin/Jinkook) 🔞

909 12 0
                                    

#unicode

"ကျွန်တော်မသိခြင်းများ -၂" (ဇာတ်သိမ်း)

🍁🍁🍁🍁

သခင်လေး Jimin ရဲ့ သနားငဲ့ညှာစွာခွင့်ပြုမှုနဲ့ ဆေးဆရာ Seok Jin တယောက် သခင်လေးရဲ့ စံအိမ်တော်မှာခိုနားနေရင်းနောက်ဆုံး ဒီစံအိမ်မှာပဲ Jungkook နဲ့အတူတူပေါင်းသင်းနေထိုင်နေဖြစ်တယ်။

တကယ်တော့ Seok Jin စိတ်၀င်စား နေတာ သခင်လေး Jimin ဆိုတာကို အနားကလူတွေဖြစ်တဲ့ Taehyung ရော Jungkook ပါရိပ်စားမိခဲ့ပါတယ်။ Jimin ကိုယ်တိုင်လဲသိရင်သိမှာပေါ့ ဒါပေမဲ့ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားတာလဲဖြစ်နိုင်တာပဲ ဘာကြောင့်လဲဆိုတော့ Jimin နှလုံးသားလေးက Taehyung တယောက်တည်းအတွက်အပ်နှင်းထားပြီးသား လေ။

Jungkook အတွက်ကတော့ သူ့ခန္ဓာကိုယ်ကိုနေ့တိုင်းချစ်ရသူ Seok Jin က သွေးသားဆန္ဒဖြေဖျောက်ဖို့အတွက် အသုံးပြုနေပေမဲ့ Jin တကယ်ရင်ထဲရှိနေတာ သူမဟုတ်မှန်းသိရတိုင်း ကြေကွဲစွာမျက်ရည်လည်ရစမြဲ
ဘာကြောင့်လဲဆိုတော့တခါတလေ Jin က သူ့ကို လုပ်နေရင်းတောင် ငြီးငြူသံသဲ့သဲ့လေးက 'သခင်လေး' တဲ့လေ 🥺💔

ဒါပေမဲ့ Jungkook ဘ၀မှာတော့ သူ့ရဲ့တခါမှ မချစ်ဖူးခဲ့တဲ့ နှလုံးသားမှာ ပထမဆုံးပွင့်ခဲ့တဲ့ အချစ်ပန်းဦးလေးက Jin အတွက်သီးသန့်မို့..သူ့ဖက်က Jin ကို အရူးမူးချစ်နေမိပြီလေ.. သူဘာများတတ်နိုင်ဦးမှာလဲ!?

Seok Jin ထိုနေ့ည

လရောင်အောက်မှာ Park စံအိမ်တော်ရဲ့ ကျယ်၀န်းတဲ့ ခြံ၀န်းကြီးထဲလမ်းလျှောက်ရင်း ဟိုဟိုဒီဒီ ငေးကြည့်နေရင်း
ကြာဖြူပွင့်တွေပွင့်နေတဲ့ ကြာကန်ကြီးအနီးရောက်လာတော့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေ ကြားရတော့ သူခြေလှမ်းတွေ ခဏလောက်ရပ်တန့်သွားကာ နားစွင့်ရင်း သစ်ပင်တစ်ပင်အကွယ်နောက်ရပ်နေမိလိုက်တယ်။

ကြာဖြူပန်းတွေပွင့်နေတဲ့ရေကန်ထဲမှာ Taehyung က အပေါ်ပိုင်း အကျီဗလာနဲ့ ရေကူးရင်း ကြာပန်းလေးတွေကို ခူးဆွတ်ခါ ရေကန်ဘောင်မှာထိုင်နေတဲ့ သခင်လေး Jimin ကိုလှမ်းပေးနေတယ်။
ဪ ချစ်သူတွေများ ချစ်ကလူကကျီစယ်နေလိုက်ကြပုံများ..'

"အဟင်း'' Jimin က သဘောကျစွာ ပြုံးရီရင်း သူ့ဆံနွယ်ရှည်ရှည်လေးတွေမှာ ကြာဖြူပန်းလေးတပွင့်ကို ပန်ဆင်လိုက်တယ်
Tae က ရေထဲကနေ Jimin ကိုယ်လေးကိုလှမ်းဆွဲရင်း
"ဗွမ်း'' Jimin ရေထဲကျသွားတယ်။ ပြီးတော့နှစ်ယောက်သားရေထဲမှာ တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကြည့်နေရင်း နှုတ်ခမ်းချင်းစုပ်ယူနမ်းရှိုက်နေကြတယ်။ နောက်တော့ သခင်လေး Jimin ကိုယ်ပေါ်က ဖြူလွလွ ပါးလှပ်လှပ် ပိုး၀တ်ရုံအဖြူလေးကို ချွတ်ချလိုက်ရင်း..
Jimin နဲ့ Taehyung နှစ်ယောက်သား ကြာကန်ကြီး ထဲမှာ အ၀တ်ဗလာနဲ့ လရောင်ဆန်းတဲ့ နွေလယ် ညချမ်းမှာ ကူးခတ်နေကြတယ်။ တယောက်ကိုတယောက်ရေတွေနဲ့ပက်ခါ ချစ်နလန်ထပြီး ကလူကျီစယ်လို့

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Aug 09, 2023 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

(JinKook/Vmin) Short Stories  🔞🔞Wo Geschichten leben. Entdecke jetzt