သူရောက်နေသည်ကတစ်ဖက်ခြံကိုဖြစ်၏။ဒီခြံကိုမနေ့ကမှလူသစ်ရောက်လာခြင်းဖြစ်သည်။ဒါပေမဲ့ ဒီခြံကလူတွေနဲ့သူမသိပါ။ အခုတော့ ဆောဝှာ ကြောင့်သူဒီခြံရှေ့သို့ရောက်နေရပြီ။
ခြံတံခါးမှ Bell ကိုသူနှိပ်လိုက်သည်။ခဏအကြာ သဘက်ကိုပုခုံးပေါ်တင်ကာပါးစပ်တွင်သွားတိုက်တံကိုကိုက်လိုက်လျက်လူတစ်ယောက်ထွက်လာ၏။ရှပ်လက်ပျက်ကိုဝတ်ထားတာကြောင့်လက်မောင်းသားတွေကိုအတိုင်းသားမြင်နေရ၏။
ခန့်မှန်းတာမမှားဘူးဆိုရင် ဒီလူက သေချာပေါက်လူချောတစ်ယောက်ဖြစ်သည်။" မင်းက "
ခြံနားရောက်လာတော့တံခါးမဖွင့်သေးဘဲအမေးစကားဆိုလာ၏။
" ဆောဝှာ ဒီကိုရောက်နေသလားလို့ပါ "
" ဆောဝှာဆိုတာ ... "
" အော် ကျွန်တော့်ကြောင်လေးပါ "
ကျွန်တော့်စကားကြောင့်ထိုလူအနည်းငယ်စဉ်းစားသွားသည်။
" အာ ရွေဝါရောင် ကြောင်ကလေးထင်တယ် "
" ဟုတ်ပါတယ် ၊ ကျွန်တော့ကြောင်လေးက
ရွှေဝါရောင်လေးပါ "ထိုအခါ ထိုလူကတံခါးဖွင့်ပေးကာ
" လာပါ ၊ မင်းကြောင်လေးကိုလာခေါ် "
ထိုလူနဲ့အတူ ဆောနူအိမ်ထဲထိလိုက်ပါလာခဲ့သည်။ထိုလူကမီးဖိုခန်းထဲဝင်သွားတာကြောင့်ဆောနူပါ လိုက်လာခဲ့ရသည်။
အခန်းထဲရောက်တဲ့အခါမှာတော့ _" ဟမ် ဆောဝှာ "
သူ့ကြောင်ကလေးရဲ့ဖြစ်အင်ကိုမြင်ပြီး ရှေ့မှလူကိုဒေါသထွက်သွား၏။
ဟုတ်တယ်လေ ဆောဝှာကို လေမှာ ကြိုးနဲ့တန်းလန်းချည်ထားသည်မဟုတ်လား။
" မင်းကြောင်က ငါ့ပုစွန်ခြောက်တွေရော ၊
ဟိုမှာမြင်လား ၊ ငါ့အသီးတွေပါစားသွားတာ ၊ ငါဒီလောက်တော့ပညာပေးရမယ်မဟုတ်လား "လေမှာတန်းလန်းဖြစ်နေငည့် ဆောဝှာကိုသူသနားကြင်နာစွာကြည့်လိုက်သည်။ဆောဝှာကတော့ သူ့ရှေ့မှာရှိနေသည့်သူများကိုဂရုမစိုက် သူ့ရှေ့တည့်တည့်မှာ ချိတ်ဆွဲထားသည့်အမဲခြောက်ကင်ကိုလှမ်းဟပ်နေလေ၏။