မီးဖိုခန်းထဲဝင်သွားသည့် ဆောင်းဟွန်းကိုသုံးယောက်သားစပ်စပ်စုစုလိုက်ကြည့်နေမိသည်။သိပ်မကြာလိုက် မီးဖိုခန်းထဲကပြန်ထွက်လာသည့် ဆောင်းဟွန်းကြောင့်သုံးယောက်သားခေါင်းများချက်ချင်းငုံ့ကာစာပြန်လုပ်နေကြ၏။
" ကလေးတို့ အုန်းနို့ခေါက်ဆွဲစားကြပါအုံး "
စာအုပ်တွေထည့်ကာသိမ်းနေသည့် သူတို့ရှေ့သို့ အုန်းနို့ခေါက်ဆွဲသုံးပန်းကန်ရောက်လာ၏။ ဆိုယာ ဆိုသည့် မမကလာချပေးခြင်းဖြစ်သည်။ခုနက ထိုလူမီးဖိုခန်ထဲဝင်သွားတာ ထိုအမကိုသူတို့သုံးယောက်အတွက် အုန်းနို့ခေါက်ဆွဲပြင်ပေးရန်သွားပြောခြင်းဖြစ်လိမ့်မည်။
" စားပြီးမှ ပြန်ကြ "
ထိုလူရဲ့စကားကြောင့် ဂျောင်ဝန်းနဲ့နီခီမှာ အုန်းနို့ခေါက်ဆွဲပန်းကန်ထဲမှဇွန်းကိုကိုင်ပြီးနေကြပြီ။
" ကျွန်တော်မစားတော့ဘူး "
ဆောနူက ထိုသို့ပြောရင်း ထထွက်သွား၏။
ကျန်နှစ်ယောက်မှာ မျက်လုံးလေးကလယ်ကလယ်နှင့်ဆောနူနောက်ပဲလိုက်ရတော့မလို ၊ ဆက်ပဲစားရမလိုနဲ့ အူကြောင်ကြောင်လေးဖြစ်နေကြရှာ၏။
" စားပါ ၊ သူမစားချင်လို့နေမှာပါ "
ဆောင်းဟွန်း ပြောလိုက်မှကောင်လေးနှစ်ယောက်မှာ စိတ်ချလက်ချစားနိုင်ကြသည်။
ဆောင်းဟွန်းသက်ပြင်းချလိုက်မိသည်။
ဒီကောင်လေးကို သူအများကြီးသည်းခံရပေအုံးမည်။ ဒီကောင်လေးရဲ့အဖေက အကိုကြီးရဲ့သူငယ်ချင်းဖြစ်နေတာကြောင့်မျက်နှာတွေကိုထောက်ထားရအုံးမည်မဟုတ်ပါလား။ဆောင်းဟွန်းမှာ ညီကိုနှစ်ယောက်သာရှိသည်။အကိုဖြစ်သူကသူ့အိမ်ထောင်နဲ့သူဖြစ်တာကြောင့်သူတစ်ယောက်တည်းသာနေသည်။သူကတော့ အိမ်ထောင်ဆိုတာကိုစိတ်မဝင်စား။ဒါကြောင့်လည်းယခုအသက် 30 နားကပ်နေတာတောင်ချစ်သူရည်းစားမရှိ။
အကိုကြီးကသူ့ကိုအမြဲပြောတတ်သည်။အမြဲ ဇီဇာကြောင်တဲ့မင်းက လူပျိုကြီးဘဝနဲ့ပဲဘဝဆုံးမှာတဲ့လေ။
လူပျိုကြီးဘဝကဘယ်လောက်လွတ်လပ်လဲသူတို့မှမသိဘဲ။