{故事說兩三句就散了
The stories say that we split after saying 2-3 sentences to each other也許事與願違呀
But if may not happen either}''မေမေ မောနင်း''
''အစောကြီးနိုးနေတာလား''
''အင်း ဒီတိုင်းအိမ်မက်ဆိုးမက်လို့''
ဂျီဝွန်းထမင်းစားပွဲမှာဝင်ထိုင်လိုက်တော့သူ့အမေကပြူးကြည့်ရင်းမေးလာတာမို့ပြန်ဖြေလိုက်ရသေးသည်။
''အိပ်ရေးမဝဘူးလား မျက်နှာကညှင်းသိုးသိုးနဲ့''
''ဟာ အမေကလည်း ကိုယ့်သားအချောလေးကိုဗျာ ဒီတိုင်းရှန်ရစ်ခီနဲ့မတွေ့ချင်လို့''
''ဟဲ့ ကလေးကဘာဖြစ်လို့တုန်း နင်နော်''
သူ့အမေကရစ်ခီ့ဘက်လိုက်ပြောပေးနေတာကြောင့်ဂျီဝွန်းမျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည်။အမေမှအဲ့အချေကောင်အကြောင်းမသိတာ။ဂျီဝွန်းလည်းဘာမှမလုပ်ရပါဘဲဂျီဝွန်းကိုအသလွတ်ကြီးမုန်းနေတာ။တွေ့တိုင်းမျက်စောင်းထိုးပြီးတော့လေ။မသိရင်ဘဲဂျီဝွန်းကသူ့ရည်းစားဟောင်းလိုလို၊ရန်သူလိုလိုနဲ့။အမြင်ကိုကပ်တယ်။ဂျီဝွန်းကိုကြည့်မရရင်ဂျီဝွန်းဘက်ကလည်းအလကားနေရင်းလိုက်ရောမနေဘူး။အခုကကုမ္မဏီနှစ်ခုပူးပေါင်းလုပ်နေတဲ့ပရောဂျက်တစ်ခုဖြစ်နေတာမို့မတွေ့ချင်လည်းတွေ့ရအုံးမယ်။စိတ်ကုန်တယ်။
''ဟဲ့ ဆူပုတ်မနေနဲ့ ကလေးကသူ့ဟာသာသူနေတာကို ''
''အမေ့သမက်ဘက်လိုက်ပြောပေးမနေနဲ့ အမေ့သမက်ကလေးကမှဆယ်နှစ်ရာသီဆူပုတ်နေတာ''
''သားက ရစ်ခီလေးကိုကြိုက်နေတာလား''
''အဟွတ်!! အမေရာ မနောက်စမ်းပါနဲ့ ဖွဖွ လွဲပါစေ ချော်ပါစေဗျာ''
''ဟဲ့ နင်ဘဲငါ့သမက်ဆို''
''အမေ့သမီးငယ်နဲ့ပေးစားဖို့အမေကြံနေတာမလား အဲ့တာပြောတာ သူတို့အိမ်အကြောင်းလည်းသိသားနဲ့ ''
''အင်းအင်း မြန်မြန်စားပြီးသွားတော့''
မာတာမိခင်ဘက်ကနှင်ထုတ်လာပြီမို့ အမြန်အလုပ်သွားဖို့သာပြင်လိုက်တော့သည်။
...........
''ရှန် ကိုယ့်ကိုဟိုဘက်ကဖိုင်လေးကမ်းပေးလို့ရမလား''
YOU ARE READING
nuestro destino
FanfictionNow Kim Woong is intoxicated by the smile of a beautiful Quanrui, As if he had just woken up from a dream and forgot everything.