2

173 23 4
                                    

{提起筆刻畫那兩三劃
I raise the brush and carve two or three strokes

只為了能夠封存你的模樣
Just portray your appearance.}

''အဲ့စာတမ်း ကျွန်တော့်ကိုပေး''

''ဘယ်လို''

ဂျီဝွန်းဘေးကခုံတန်းမှာထိုင်လာရင်းရစ်ခီကပြောတာမို့ဂျီဝွန်းမှာကြောင်ခနဲ။ဘယ်နဲ့ သူကသူ့အိမ်မက်တွေနဲ့ဆက်စပ်နေသလိုခံစားရလို့ယူလာတာကိုဘယ်လိုတောင်တောင်းရဲကြောင်း။

''ဘာလို့ပေးရမှာလဲ ရစ်ခီ ငါတောင်စိတ်ဝင်စားလွန်းလို့မနည်းတောင်းလာရတာကို''

''ကျွန်တော်လည်းစိတ်ဝင်စားတယ် ''

ရစ်ခီ့ရဲ့မျက်လုံးတွေကအမှန်ဖြစ်ကြောင်းပြောနေတာမို့ဂျီဝွန်းကဘဲအကြီးပီပီလက်လျော့ပေးလိုက်ဖို့ပြင်လိုက်သည်။ဒါပေမဲ့သူလည်းသိချင်သေးတယ်လေ။

''အလုပ်ရောက်မှမိတ္တူကူးပေးမယ် ''

''ပြီးတာဘဲ ဟွန်း''

အယ် ပေးလည်းပေးရအုံးမယ်။စောက်ကလေးကတော့။နည်းနည်းမှကိုကြည့်လို့မရဘူး။

..........

''ဒီတစ်ရွက်နှစ်ရွက်ထဲလား''

''အေးပေါ့ဟ! နည်းနည်းဘဲအရင်ယူထားအုံးပေါ့ အကုန်တစ်ညထဲနဲ့ဖတ်မလို့လား''

ရုံးရောက်ထဲကတစ်ယောက်တစ်ခွန်းအော်ပြီးရန်ဖြစ်နေတဲ့ceoနှစ်ယောက်ကိုတစ်ရုံးလုံးကလက်မြောက်ထားရ၏။ပေါင်းစပ်ပရောဂျက်စထဲကရန်ဖြစ်လာတာအခုဆိုပရောဂျက်ပြီးတော့မယ် ရန်ဖြစ်ကောင်းတုန်း။ဝန်းထမ်းတွေအကုန်ကျင့်သားရနေပြီဖြစ်သည်။

''ဒီနေ့လည်းအချစ်စမ်းနေကြတာဘဲ''

''အယ် မန်နေဂျာကြီးကြားသွားလို့''

''ကြားပါစေ ဝူရှီဂျွန်း ကဘယ်သူ့မှမကြောက်ဘူး ဟွန်း!''

ဝန်ထမ်းကောင်မလေးတစ်ချို့ထက်ပင်ပုနေတဲ့အရပ်နဲ့မာကတ်တင်းမန်နေဂျာကပြောလာတော့ဝန်ထမ်းကောင်မလေးတွေကလည်းစပ်စုလာတော့သည်။

''အချစ်စမ်းနေမှန်းဘယ်လိုသိလဲ ''

''မင်းတို့မမြင်ပေမဲ့ ငါမြင်တယ်လေ သူတို့နှစ်ယောက်ကြားမှာမမြင်ရတဲ့အချစ်ကြိုးနီမျှင်မျှင်လေးရှိနေတယ် ထားပါ အလုပ်မဆင်းဘူးလား ငါးနာရီထိုးနေပြီ''

nuestro destinoWhere stories live. Discover now