Part-2

27 16 0
                                    

''yoona ရေ.. အခြေအနေတွေကတော့ ဘာကိုမှသောက် အဓိပ္ပါယ်ရှိမနေဘူး''

စိတ်ညစ်စွာ ငြီးငြူလိုက်ရင်း လက်မှ နာရီကို တစ်ချက်ပြန်ကြည့်လိုက်သည် ။

မိနစ် နှစ်ဆယ်..။သူ ထိုစံအိမ်ကြီးထဲတွင် အလုပ်သစ် အတွက်ခြေလှမ်း စရန်မိနစ် နှစ်ဆယ်ခန့်သာလိုတော့သည် ။

''အဆင်ပြေသွားမှာပါ roseanne ရယ်..ဒီတိုင်းစကားလေးတစ်ခွန်းကို ဘာမှ စိတ်ပူမနေနဲ့ ''

''ပြောအားရှိတဲ့သူကတော့ပြောနိုင်တာပေါ့ဟာ >နင်စဥ်းစားကြည့်လေ ?အရေးပေါ်အခြေအနေတစ်ခုအတွက် အလုပ်လုပ်ရတယ် ။ကံကောင်းစွာ Kim အိမ်တော်မှာအလုပ်ရတယ် ။ပြီးတော့ ဘာလဲ ။အသက်နှစ်ဆယ် အရွယ် ကလေးစိတ်ပေါက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ထိန်းရမယ်တဲ့။ဘယ်လိုတောင်သောက်ရေးမပါတာတွေ !!''

တစ်ဖက်ဖုန်းမှ ကျယ်လောက်လွန်းတဲ့အသံကြောင့် ဖုန်းနဲ့နား ကိုခွာလိုက်မိသည် ။

သူငယ်ချင်းဖြစ်သူ roseanna ကြောင့် yoona စိတ်ပျော်ရွှင်ရသလိုတစ်ခါတစ်လေ စိတ်လဲ ညစ်ညူးရပါသည် ။

အရေးပေါ်ပိုက်ဆံလိုအပ်နေတယ်ဆို၍ မိဘ အရေးပေါ်ရောက်၍ ပိုက်ဆံ လိုတယ်သော်လည်းကောင်း ၊ညီမလေးများ အတွက် ပညာရေးစရိတ်လိုတယ်သော်လည်းကောင်း roseanna ဘဝမှာမရှိပါ ။roseanna ဟာ သမီးလိမ္မာတစ်ယောက်မဟုတ်သလို အမကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါ ။

စဥ်းစားကြည့်ပါ roseanna ဟာ အတော်အသင့်ချမ်းသာသော မိသားစုက ဆင်းသက်လာသူတစ်ယောက်..။မိဘကလဲ ပြည့်ပြည့်စုံစုံထားနိုင်၍ မည်သည့်အရေးပေါ်ကိစ္စများ တွင်ငွေလိုနေသနည်း..။

ယုံတောင် ယုံနိုင်ပါ့မလားမသိပေမဲ့ သူ့ idol တွေအတွက်တဲ့!!

6နှစ်ကြာ အားပေးလာရတဲ့ creamy ခေါ် male idol group တစ်ခုက disband တော့မှာမို နောက်ဆုံး album လေးကို သူ့ ကိုယ်ပိုင်လုပ်အားခလေးနဲ့ဝယ်ချင်ပါသတဲ့..။

တကယ်အဓိပ္ပါယ် ရှိမနေတာမည်သူနည်း..။

ယခုလဲ သူထိန်းရမည့်သူက သူကိုအန္တရာယ်ပြုနိုင်မပြုနိုင်ကြောက်နေပါသတဲ့..။roseanna park ရယ် ဟုသာ ည ည်းနေနိုင်တော့သည်..။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐲𝐨𝐮, 𝐊𝐢𝐦 𝐣𝐢𝐬𝐨𝐨Where stories live. Discover now