ခန်းနား ထည်ဝါလှတဲ့ Kim အိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲမှာ ကောင်မလေး နှစ်ယောက်ဟာ ဆိုဖာခုံများတွင် အကျအနထိုင်လျှက် တစ်စုံတစ်ခုကိုဆွေးနွေးဟန်ရှိကြသည်။
'' အရင်ဆုံး စည်းကမ်းချက်တွေ ထားရှိရမယ်လို့ထင်ပါတယ် ကင်မ်ဂျီဆူး ရှီး"မနက်မိုးလင်းကတည်းက ရောက်ရောက်ချင်း အနည်းငယ်စလိုက်သည်မလို့ ကြောက်ရွံ့နေသဟန်ရှိသည့် ဆံနွယ် ရွေအိုရောင် နှင့် လူသားမှာ အနားတောင် မကပ် ရဲ ။
''စည်းကမ်းချက် ? ဘယ်လိုမျိုးလဲ "
"ပြောရမယ် ဆိုရင် နံပါတ်(၁): ကင်မ့် အပိုင်လေး ဟု မခေါ်ရ"
"ဒါဖြင့် ပြောပါဦး ဘယ်လိုခေါ်ရမလဲ "
"P-A-R-K-C-H-A-E-Y-O-U-N-G"
နာမည်ကို တစ်လုံးချင်းစီ ပေါင်းပြနေသော် ချယ်ယောင်းမှာ အလွန့် ကို ချစ်စဖွယ်။သိမ်းကျုံး ဖက်ချင်စိတ်တို့ကတဖွားဖွား ။
"မခေါ်ချင်ပါဘူး "
"ရ့ာ ကင်မ်ဂျီးဆူး အဲ့လိုမလုပ်ကျရအောင်ပါ ။ကျွန်မဘက်ကိုလဲ ကြည့်ပါဦး ။နေရခက်တာပေါ့ "
တကယ့်ကို စိတ်ကျဥ်းကျပ်နေသယောင် ရှိသည့် ချယ်ယောင်း ကြောင့် သူထပ်လဲ မစချင်တော့။အမှန်ပြောရလျှင် သူသည် ငယ်စဥ်ကတည်းက ချယ််ယောင်းကိုထိုသို့သာခေါ်ဆိုခဲ့သည်မဟုတ်ပါလား ။ချယ် ယောင်း ဒီတစ်ချက်တော့ မေ့ဖို့မကောင်းပါ။
"ဒါဆိုရင်လဲ ချယ်ယောင်းလို့ခေါ်မယ် ။တစ်ထစ် လျှော့ပေးထားတာမလို့ ဒီထက်တော့ ပိုပြီး လိုက်လျှောခြင်းမပြုနိုင်တော့ဘူးနော်"
"ရပါတယ် ကင့်မ့် အပိုင်လေး ဆိုတာကြီးမဟုတ်ရင်ရပါတယ်
နံပါတ်(၂) :ကျွန်မကိုကျွန်မခွင့်ပြုချက်မရှိပဲ ထိတာမျိုး ဖက်လိုက်တာမျိုး မလုပ်ရဘူး"
"အဲ့တာကတော့ ငါလဲ ဘယ်တုန်းက လုပ်ဖူးလို့လဲ"
"ဒီမနက်တင် လေ !! ဒီမနက် အခန်းထဲဝင်လာ..-""ရပြီ ရပြီ ။နောက်တစ်ချက်ပြော"
ရယ်သံခပ်လွင်လွင်နှင့် သူဧ။်စကားကိုဂျီဆူး ဖြတ်ပြောလိုက်သောအခါ ကင့်မ့် အပိုင်လေးက မျက်စောင်းလေးတစ်ချက်ဖြင့် ရွယ်လေသည်။
"နံပါတ် (၃) ဒီက ကင်မ် ဂျီဆူးရှီးက ဒီက ပတ်ချယ်ယောင်းရဲ့ personal case တစ်စုံတစ်ခုမျှတောင် ဝင်စွတ်ဖက်ခြင်းမပြုရပါဘူး"
"ဘယ်သူက ကိုယ့် ချစ်သူရဲ့ personal case တွေကို ဝင်မစွတ် ဖက်ပဲနေလို့လဲ"
မျက်ခုံး တစ်ဖက်ကို အသာပင့်ကာ ခပ်ဆဆနှင့်မကြားတကြား ပြောလိုက်တဲ့အခါ ကင့်မ့်အပိုင်လေးဟာ မျက်ဝန်းတွေ လှုပ်ရှားသွားတာ ။
"ဘာပြောလိုက်တာလဲ"
"အော် ဝင်စွတ်ဖက်စရာလားလို့ပြောတာပါ ဆက်ပြောပါ ဦး""နံပါတ်(၄)က..အဲ.. ဒါပဲ မရှိတော့ဘူး ၃ချက်ပဲ"
"ဒါဆိုရင် ငါ့အလှည့် အခု"
ကျောကိုဆတ်ကနဲမတ်လိုက်သောသူမကြောင့် ရုတ်တရက် လန့်သွားသည့်ပုံ ။
"(၁)ခုလေးပဲလိုက်လျှောပေး ။စာချုပ်သက်တမ်း ၃နှစ်အတွင်းမည်သည့်အကြောင်းကိစ္စပဲ ဖြစ်လာပါစေ ငါ့ဆီကမထွက် သွားပါနဲ့ "
ခုံနားသို့ တိုးကပ်ကာချယ် ယောင်း ဧ၊်၊ညာဖက်လက်ကို ဆွဲယူလိုက်သောသူမကြောင့် ဆတ်ခနဲတုန်တက်သွားသူမှာ ချယ်ယောင်းပါပင် ။
"ဒီ သုံးနှစ်အတွင်းငါ့ဘက်ကနေပြီး ချယ်ယောင်း အတွက် ပျော်ဖို့ကောင်းတဲ့ မှတ်ဉာဏ်တွေကိုငါက ပြန်လည် ဆောင်ကြည်းပေးပ့ါမယ် ။ချယ်ယောင်း ရား..သုံးနှစ်အတွင်း ငါရအောင်ကြိုးစားမှာမို့ မင်းလဲ ငါ့မင်းမှတ်ဉာဏ်တွေထဲမှာ ပြန်ရှာဖွေကြည့်ပါ ။ဒီသုံးနှစ် အတွင်းတော့ ကြိုးစားခွင့်ပြုပါနော်"
ထို့နောက် လက်ခုံရှိ မှဲ့ခလေးကိုခပ်ဖွဖွ ပွတ်သပ်ကာ နှုတ်ဖျားနှင့်ထိကပ်လိုက်သည်။ချယ်ယောင်းမှာ မရုန်းခဲ့ ။ချယ်ယောင်း မျက်ဝန်း တွေထဲမှာ အရောင်မျိုးစုံ တွေဖြတ်ပြေးနေဧ၊၊် ၊၊ ဂျီ ဆူးရင်ဘတ်ကလဲ နှလုံးစည်းချက်တွေ ပြင်းထန်စွာ လှုပ်ရှားလာဧ။် ။ချယ်ယောင်း....မင်း ကင်မ့်အပိုင်လေးထပ်မဖြစ်ချင် တော့ဘူးလား ။
YOU ARE READING
𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐲𝐨𝐮, 𝐊𝐢𝐦 𝐣𝐢𝐬𝐨𝐨
Fanfiction- ချစ်ခြင်းမေတ္တာတွေဟာ ကင်မ့်အပိုင်ကလေး အပေါ်မှာ စုပြုံကျခဲ့ တယ် -