첫 만남

202 23 4
                                    

ဟျောင်း ဒီမှာ ထမင်း
.
.
.
.
ကောင်လေးတစ်ယောက် အဝေးပြေးလမ်းမရဲ့ မှိုင်းပြပြ လမ်းမီးထိုင်တေအောက် သွေးစွန်းနေတဲ့ အင်္ကျီတစ်ထည်နဲ့ ခြေထောက်ကို ဒုတ်ဖြင့် အရိုက်ခံထားရသည့်ဟန် ထော့နဲ့ထော့နဲ့ဖြင့် တစ်စုံတစ်ခုကို ကြောက်လန့်၍ ထိုနေရာမှ အဝေးသို့ ပြေးလွှားနေမိသည်။

ရုတ်တရက် ဖြတ်သွားသော ကားတစ်စီးကြောင့် ထိုကောင်လေးသည် အဝေးပြေးလမ်းမကြီး၏အလယ်တွင် ထိုင်လျှက်လဲကျသွားရသည်။

ကောင်လေး လဲကျသွားသည်ကိုမြင်၍ ကားထဲမှဆင်းလာသည့်ကောင်လေးက ထိုကောင်လေးအား စိုးရိမ်နေသည့် မျက်ဝန်းများဖြင့် မေးလာသည်....

"အဆင်ပြေရဲ့လားဗျာ့"

ကားထဲမှ ဆင်းလာသည့်ကောင်လေးအား လဲကျနေသည့်ကောင်လေးမှ ကြောက်ရွံနေသည် မျက်ဝန်းများဖြင့် ပြန်ကြည့်လာတော့

"ကျောင်းသားလေး မင်းလက်ကသွေးတေ အရမ်းထွက်နေတာပဲ အင်္ကျီတေမှာကော အကိုဆေးခန်းလိုက်ပို့ပ့ါမယ်"

အ‌ေ၀ပြေးလမ်းမပေါ်တွင် ထိုင်လျှက်လဲကျနေသည့်ကောင်လေးသည် အကိုဆိုသောသူအား သေချာအကဲခတ်ကြည့်မိတော့ ဆွဲဆောင်မှုရှိသည့်မျက်နှာထား နှာတံချွန်ချွန်လေးဖြင့် ထိုသူ၏ နှာတံပေါ်မှ မှဲ့နက်လေးနှင့် မျက်မှန်၀ိုင်း၀ိုင်းလေးတစ်ခုကို ၀တ်ဆင်ထားပီး သူ့ထက်အသက်ကြီးသည့်ပုံပေါ်သော်လဲ အူကြောင်ကြောင်လေးဖြင့် ချစ်စရာကောင်းလှသည်

သို့သော် လဲကျနေသည့်ကောင်လေးကတော့ ကြောက်ရွံ့နေဆဲ

"မင်းကြည့်ရတာ ကြောက်နေပုံပဲ အကိုက လူဆိုးမဟုတ်ပါဘူးမကြောက်ပါနဲ့"

ထိုအခါမှ လဲကျနေသည့်ကောင်လေးက

"ကျွန်တော် ခြေထောက်တေ အရမ်းနာနေဘီ လမ်းမလျှောက်နိုင်တော့ဘူးထင်တယ်"

ထိုအခါမှ ကားထဲမှဆင်းလာသည့် ကောင်လေးက ထိုကောင်လေးကို တွဲခေါ်ပြီး သူ့အိမ်သို့ ခေါ်သွားသည် ဆေးခန်းလိုက်ပို့မယ်ဆိုတာကို မဟုတ်ရဘူး လိုက်မပို့ပါနဲ့တဲ့လေ အဲ့တာနဲ့ပဲ အိမ်ကိုခေါ်လာခဲ့တယ်

Cute But Psycho /Sunsung/ Dumpling LuluWhere stories live. Discover now