"သူကောင်းကောင်းအိပ်ပျော်နေတာပဲ"
အိပ်ပျော်နေတဲ့ sunoo ကိုကြည့်ရင်း sunghoon တကိုယ်သာကြားရုံပြောလိုက်တယ်။
ညကအတော်ကြာ စကားပြောဖြစ်ခဲ့ကျတယ်။sunoo က သူ့ဘဝအကြောင်းတေကိုပြောပြတယ်။ကျွန်တော်ကလဲပုံမှန်ဆို မစပ်စုတတ်ပေမဲ့ sunoo ကသူ့အကြောင်းေတကိုပြောပြလေ ကျွန်တော်ကပိုသိချင်လေပဲ။
sunoo အသက် ၁၈ပြည့်တဲ့နေ့မှာ sunoo မိဘတေက car accident ဖြစ်ပြီးဆုံးသွားတာတဲ့။
ပီးတော့ sunoo ကို Kim Jeongmin ဆိုတဲ့ sunoo အဖေဖြစ်သူရဲ့ ညီမကပဲဆောင့်ရှောက်ပေးခဲ့တာတဲ့။Kim Jeongmin နဲ့ ယောက်ျားဖြစ်သူ Moon Hal Seok က သားသမီးမထွန်းကားတာကြောင့် sunoo ကိုပဲ ကိုယ့်သားအရင်းလို ပြုစုစောင့်ရှောက်ခဲ့တယ်တဲ့။
အစကတော့ Moon Hal Seok က sunoo အပေါ်ကောင်းပေးပေမဲ့ အမြင်တော့မကြည်ခဲ့ဘူး။ sunoo ရောက်လာပီး ၁ပတ်လောက်မှာ moon hal seok company က sharers တေက သိသိသာသာထိုးကျသွားခဲ့တယ်တဲ့။
ဒါကို moon hal seok က sunoo ရောက်လာလို့ ဒီလိုတွေဖြစ်တာပါဆိုပြီး ပြသနာရှာတယ်တဲ့လေ။ဒီကနေစဖြစ်လိုက်တာ တခုခုအဆင်မပြေတာနဲ့ moon hal seok က "kim sunoo က ကျိုဆိုးကောင် သူကမကောင်းမှုတေငါတို့မိသားစုစီသယ်လာတာ သူ့မိဘတေတောင်သူ့ကြောင့်သေခဲ့ရတာ" ဆိုပြီး အမြဲတမ်းပြောနေတတ်တယ်တဲ့။
ကျွန်တော်လေ ဒေါသထွက်သွားတာ တကယ် သူတို့ဟာသူတိူ့ဖြစ်တဲ့ကိစ္စတွေကို ဘာမှမဆိုင်တဲ့ ကလေးကိုဆွဲထည့်တာ တကယ်အဓိပ္ပာယ်မရှိဘူးမလား...။
Moon hal seok က အမြဲ sunoo နဲ့ပတ်သတ်လာရင် သေးသေးလေးကအစပြသနာရှာတတ်လာတဲ့သူမျိုး။ဒါကို kim jeongmin လုံးဝမကြိုက်ဘူး။ဘာလို့ဆို sunoo က သူမအကိုရဲ့ သား ပီးတော့ sunoo အမေက သူမ၏အခင်ဆုံးသူငယ်ချင်းမလိုု့။
တနေ့ကျတော့ kim jeongmin နဲ့ moon hal seok ကားမောင်းရင်း စကားများကျတယ်။အကြောင်းကတော့ sunoo ကြောင့်ပင်။
လင်မယားနှစ်ယောက် ကားထဲတွင်စကားများရန်ဖြစ်ကျရင်း car မတော်တဆမှုဖြစ်ပီး jeongmin ကတော့ ထိုနေရာမှာတင်ပွဲကျင်းဆံုး(သေ)သွားတယ်တဲ့။
ထိုအချိန်စပြီး sunoo ကို moon hal seok က စိတ်နာသွားတယ်တဲ့လေ။ကျောင်းကပါထုတ်လိုက်ပြီး အမြဲ sunoo ကို အခန်းထဲတံခါးပိတ်ထားတတ်တယ်တဲ့။
YOU ARE READING
Cute But Psycho /Sunsung/ Dumpling Lulu
Short Story"ခွဲခွာရမဲ့ ဇာတ်သိမ်းခန်းရှိတဲ့ လူနှစ်ယောက်က ဘာအတွက်များ ဆုံတွေ့ခဲ့ကျတာလဲ...?"