အပိုင်း၁

7.2K 88 0
                                    

4.5.1996 စနေနေ့ 

ရန်ကုန်မြို့၌မိုးများသည်းထန်စွာရွာသွန်းနေသောအချိန်ဆေးရုံတစ်ရုံအတွင်းတွင်ဗိုက်ကြီးသည်အမျိုးသမီးတစ်ဦးဟာဗိုက်နာလွန်းသဖြင့်အော်ဟစ်ငိုယိုနေသံမှာစိတ်မချမ်းသာဖွယ်ကောင်းလွန်းလှသည်။ထိုအချိန်ဆေးရုံမှဆရာဝန်တစ်ဦးဟာလည်းကြိုးစား၍ထိုအမျိုးသမီး၏ရင်သွေးအားမွေးဖွားပေးနေပါသည်။ထိုအချိန်အမျိုးသမီး၏နာကျင်စွာအော်ဟစ်ညည်းညူနေသံအစားကလေးလေးတစ်ဦး၏ငိုကြွေးသံအစားထိုးဝင်ရောက်လာသည်။ထိုကလေးငယ်၏ငိုကြွေးသံမှာဆေးရုံတစ်ရုံလုံး၌လွှမ်းမိုးသွား၏။ကလေးငယ်၏မိခင်မှာပင်ပန်းစွာခက်ခက်ခဲခဲမွေးထုတ်ထားသောသူမ၏ရင်သွေးကိုကြည့်နေရင်း၌ပင်သူမ၏မျက်ဝန်းများ၌မျက်ရည်များနင့်သည်းစွာကျဆင်းလာပါတော့သည်။သူမ၏သွေးသားသူမချစ်ရသောခင်ပွန်း၏သွေးသားသူမတို့သွေးသားအားအောင်မြင်စွာမွေးဖွားခဲ့ရ၍သူမပျော်ရွှင်မှုမျက်ရည်ကျရခြင်းဖြစ်သည်။ကလေးအားအောင်မြင်စွာခွဲထုပ်ပြီးနောက်ဆရာဝန်သည်ခွဲခန်းမှထွက်ကာအပြင်တွင်စောင့်နေသောသူမ၏အမျိုးသားဖြစ်သူထံသို့

“ဂုဏ်ယူပါတယ်ဦးထွန်းအောင်။သားယောကျားလေးကိုအောင်မြင်စွာမွေးထုပ်နိုင်ခဲ့ပါတယ်ခဗျာ”

“ဆရာကျွန်တော့ဇနီးအခြေအနေလေးကော”

“ဒေါ်နုနုယဥ်ကျန်းမာပါတယ်။သူပင်ပန်းပြီးအိပ်ပျော်သွားပါတယ်။စိုးရိမ်စရာမရှိပါဘူးဗျာ။ကျွန်တောဦးထွန်းအောင်ရဲ့ဇနီးကိုvipခန်းထဲပြောင်းရွေ့ခိုင်းထားပါပြီဗျာ။ခနနေဦးထွန်းအောင်ရဲ့ဇနီးနဲ့သားကိုသွားတွေ့နိုင်ပါပြီဗျ”

ဦးထွန်းအောင်တစ်ယောက်ဒေါက်တာနဲ့စကားပြောပြီးမိန်းမနဲ့သားရှိရာအခန်းဆီသို့အသော့နှင်ရသည်။သူအခန်းထဲသို့အရောက်တွင်သူ၏ဇနီးချောဖြစ်သူဒေါ်နုနုယဥ်မှာအိပ်ပျော်ရာမှနိုးလာပြီဖြစ်သည်။

“နု နေရတာသက်သာရဲ့လား။အဆင်မပြေရင်မောင်သူနာပြုသွားခေါ်လိုက်ရမလား။”

"အဆင်ပြေပါတယ်မောင်ရယ်ခွဲမွေးတာမှမဟုတ်ပဲ။တော်ပါသေးရဲ့သားကိုအောင်အောင်မြင်မြင်မွေးထုပ်နိုင်ခဲ့လို့ပေါ့။မဟုတ်ရင်  မဟုတ်ရင်”

Nway (နွေ) Where stories live. Discover now