လွှမ်းလည်းဒီနေ့ကျမှအိမ်ကထွက်လာကထဲကစိတ်မကြည်နေတာဖြစ်သည်။ဘာကိုစိတ်မကြည်လို့မကြည်နေမှန်းလည်းသူမသိ။ခါတိုင်းကျောင်းသွားကာနီးနွေ့ကိုဝင်ခေါ်နေကြဖြစ်သည်။ဒီနေ့မှသူလည်းနွေ့ကိုမခေါ်ဘတ်စ်မှတ်တိုင်သို့တစ်ယောက်ထဲထွက်လာခဲ့တော့သည်။တစ်ဘက်မှနွေလည်း
"ဟင်းးးးကိုကိုဒီနေ့လာခေါ်တာတော်တော်ကြာလှချီလားးး။ မဖြစ်သေးပါဘူး တီတီနုကိုသွားမေးမှ နေမကောင်းများဖြစ်နေသလား။မေမေရေနွေ တီတီနုဆီ သွားလိုက်အုန်းမယ်နော်။ဒီနေ့ ကိုကိုလာခေါ်တာ ကြာနေလို့"
"အေးအေး..တစ်ခါထဲကျောင်းသွားမှာဆိုလဲဂရုစိုက်နော်သား။"
"ဟုတ်ဟုတ်"
"တီနုရေ ကိုကိုနေမကောင်းဘူးလားဟင်။အိမ်ဘက်ထွက်မလာသေးလို့လေ။"
"ဟယ် နွေ သားကိုကိုက ထွက်သွားတာကြာပေါ့လေ"
ကိုကိုကသူ့အားတစ်ယောက်ထဲထားခဲ့သည်ပေါ့။မူကြိုကထဲကနေအခုချိန်ထိအိမ်ဝင်အိမ်ထွက်ခေါ်နေတဲ့ကိုကိုကလေ။ကိုကိုကရည်းစားရနေလို့လား။မဖြစ်နိုင်ပါဘူး။ငါကကိုကိုနဲ့အနီးကပ်ဆုံးနေတဲ့သူပဲကို။ ကိုကိုကောင်မလေးရှိခဲ့ရင်ငါသိရမှာပေါ့။ဒီလိုနဲ့နွေလည်းတီနုကိုတောင်နှုတ်မဆက်အားပဲတွေးရင်းတွေးရင်းကျောင်းသွားဖို့ထွက်လာခဲ့လိုက်တော့တယ်။ကျောင်းသို့ရောက်တဲ့အခါနွေဟာပထဦးဆုံးကိုကို့ကိုရှာဖို့ပြင်တော့တယ်။သိပ်မရှာလိုက်ရပါဘူးရှေ့နားမှာကိုကိုကတစ်ယောက်ထဲမက်တပ်ရပ်နေလျှက်။နွေလည်းကိုကို့ဆီသို့အသော့နှင်ကာ..
"ကိုကို နွေ့ကိုတောင်မစောင့်နိုင် လာမခေါ်နိုင်လောက်တဲ့ထိဘာအရေးကြီးကိစ္စရှိနေလို့လဲ..ဘာလဲရည်းစားရနေလို့လား"
လွှမ်းလဲရှေ့ကငွေ့ရည်ဖွဲ့နေသောမျက်ဝန်းပြာများကိုဆက်မကြည့်နိုင်တော့ဘဲ။
"မဟုတ်ပါဘူးနွေရာ။ကိုကိုကောင်မလေးရှိနေရင်ပထမဦးဆုံးသိမဲ့သူကနွေပဲမဟုတ်ဘူးလား။နောက်ပြီးကိုကိုနဲ့စေ့စပ်မဲ့နွေရှိနေပြီးသားကိုကွာကိုကိုကဒီလိုလုပ်ပါ့မလား။"
YOU ARE READING
Nway (နွေ)
Lãng mạnWarning⚠ လွှမ်းမိုးအောင်+နွေဦးလွင် ငယ်စဥ်အရွယ်ကထဲကနှစ်ဖက်မိဘတွေရဲ့ကတိကဝတ်စကားကြောင့်သူတို့နှစ်ဦးသားလက်ထပ်ဖြစ်ကြမလား ဤဇာတ်ကြောင်းသည်စာရေးသူ၏အတွေးသက်သက်သာဖြစ်ပါသည်။