As Long As You Are In This World

882 65 10
                                    

"သင်တန်းသား ရှန်ချွမ်ရွေ့ကို မကြာခင် ပွဲဦးထုတ်ပေးတော့မဲ့ သင်တန်းသားအဖြစ် တရားဝင် ကြေငြာချက် ထုတ်တော့မှာမလို့ အခုချိန်ကစပြီး အိုင်ဒေါလ်ဘဝကို အထိအခိုက်ဖြစ်စေမဲ့ လုပ်ရပ်တွေ လုပ်နေတာရှိရင် ရပ်လိုက်တော့"

ရှန်ချွမ်ရွေ့သည် ပြင်းထန်လွန်းသော အကသင်ခန်းစာများအတွက် သူ၏ သုံးနှစ်တာသင်တန်းသားကာလတစ်လျှောက် ဘယ်နှကြိမ်မြောက်မှန်း မမှတ်မိနိုင်တော့သော အကဲဖြတ်ခံယူချိန်တစ်ခုတွင် ထိုသို့ ပြောကြားချက်နှင့်အတူ တစ်ချိန်တည်းတွင် မိမိခံယူရမည့် အနုပညာအမည်၊ မိမိအဖွဲ့အမည်၊ အဖွဲ့ဝင်များ၊ ပရိသတ်နှင့် မီဒီယာသို့ မိမိနေထိုင်ဖော်ပြရမည့် ပုံရိပ်၊ မိမိ၏ စိတ်နေသဘောထားနှင့် ကိုယ်ရေးကိုယ်တာ ခံယူချက်များအထိပင် အသေးစိတ်ကျကျ ဖော်ပြရေးသားထားသည့် တစ်ချက်လွတ် အမိန့်နှင့်တူသော ကုမ္ပဏီ၏ စာတစ်စောင်အား လက်ခံရရှိခဲ့သည်။

ရှန်ချွမ်ရွေ့သည် မည်သို့သော တုံ့ပြန်စကားကိုမှ မဆိုမိဘဲ တာဝန်ရှိသူများ ထွက်ခွာသွားပြီး အတော်ကြာသည်အထိ ထိုစာရွက်အား ငေးစိုက်ကြည့်နေမိသည်။

အယောက်နှစ်ဆယ်မျှသော သင်တန်းသားများသည် အနည်းငယ်သော အရွေးချယ်ခံများအား အားကျစွာ ကြည့်၍ ဂုဏ်ပြုစကားများ လာရောက်ပြောဆိုပေးကြ၏။

"ကင်ဂျီအွန်းပါမယ်ထင်ထားပေမဲ့ ဖြစ်မလာခဲ့ဘူးပဲနော်"

"လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက အသက်၂၀ကျော်သွားတဲ့သူကို ကုမ္ပဏီက သင်တန်းသားအဖြစ် ဆက်ထားပေးတယ်ဆိုတာ ဒီမှာ ကုန်ဆုံးပေးခဲ့တဲ့ သူ့ရဲ့ငယ်ရွယ်မှုတွေအတွက် အားနာနေလို့သာ၊ မဟုတ်ရင် သူ့ကို ထုတ်လိုက်တာ ကြာပြီပေါ့"

"ကင်ဂျီအွန်းရဲ့ ရုပ်ရည်နဲ့အရည်အချင်းကို နှမြောမိပေမဲ့လည်း ဘယ်တတ်နိုင်မလဲ။ အိုင်ဒေါလ်ဖြစ်ဖို့က ငယ်ရွယ်မှုက အရာရာ ဖြစ်နေတဲ့ ခေတ်မဟုတ်လား"

"ဟုတ်တယ်၊ နှစ်ဆယ်ကျော်သွားရင် လုံးဝမှန်းဆလို့မရတော့တဲ့ အနေအထားပဲ၊ ခေတ်က။ သူလည်းသူ့အခြေအနေသူသိမှာပါ။ ဘားတွေမှာပဲ သီချင်းလိုက်ဆိုစားနေတာ ဘယ်နှလတောင်ရှိပြီလဲ"

As Long As You Are In This WorldTempat cerita menjadi hidup. Temukan sekarang