MinAh အမြဲတမ်းလိုလိုလာနေကျဖြစ်တဲ့ Joie Cafe ကိုဒီနေ့လဲ ထပ်လာဖြစ်ပြီး ထိုင်နေကျထောင့်ဝိုင်းလေးမှာ ထိုင်ကာ Latte တခွက်မှာကာ စာထိုင်ဖတ်ဖြစ်သည်။
Cafe ပုံစံက မှန်လုံခန်းမဟုတ်ပဲ ခြံဝန်းလေးထဲမှာဖြစ်တာကြောင့် နေရောင်ခြည်ကော သဘောဝလေကိုကောကောင်းစွာရသည့်အပြင် စိုက်ထားတဲ့ပန်းပင်တွေကလဲသူမစိတ်ကိုကြည်လင်စေသည်။
သို့သော် ဒီနေ့ရဲ့အကြည်ဓာတ်လေးကိုဖျက်ဆီးလိုက်သူကတော့ သူမနဲ့မလှမ်းမကမ်းဝိုင်းမှာထိုင်နေတဲ့လူငယ်တသိုက်ပင်။
ထိုအုပ်စုထဲကလူငယ်တယောက်ကသူမကိုစိုက်ကြည့်ရင်းပြုံးပြသည်။ထို့အပြင် သူကမီးခြစ်ဖြင့်စီးကရက်တလိပ်ကိုမီးညှိလိုက်ရင်း နှုတ်ခမ်းတွင်တေ့ကာသူ့မကိုစူးစူးဝါးဝါးစိုက်ကြည့်သည်။
ထို့နောက်မီးခြစ်ကို သူဝတ်ထားတဲ့ အနက်ရောင် Leather jacket ထဲထည့်ကာသူမထိုင်နေတဲ့နေရာစီသို့လျှောက်လာသည်။
" Hi there "
MinAh မသိချင်ယောင်သာဆောင်ရင်း စာအုပ်စီပဲအကြည့်ပို့ထားသည်။ ထိုကောင်လေးကစက္ကန့်အနဲငယ်လောက်သူမကိုစိုက်ကြည့်သည်။ ထို့နောက် စီးကရက်တလိပ်ကိုသူမကိုကမ်းပေးသည်။
" Want one..? "
MinAh မျက်မှာကျုံ့ရင်းထိုလူကိုပြန်ကြည့်ကာခပ်ပြတ်ပြတ်တခွန်းပဲပြောလိုက်သည်။
" ကျမဆေးလိပ်မသောက်ဘူး "
ထို့နောက်သူကရယ်ကာ သူမစီကိုအတင်းထိုးပေးရင်းမေးငေ့ကာ ယူရန်ပြောသည့်ပုံလုပ်သည်။
" C'mon...တလိပ်ထဲပဲဟာ "
" ကျမပြောကိုနားမလည်တာလား "
MinAh ခပ်စူးစူးစိုက်ကြည့်ကာ ပြန်မေးလိုက်မှ ထိုလူကမျက်ခုံးပင့်ရင်း ခေါင်းတညှိတ်ညှိတ်လုပ်သည်။ ထို့နောက် စီးကရက်ကိုဘူးထဲပြန်ထည့်ကာ သောက်လက်စ သူ့စီးကရက်ကိုနှုတ်ခမ်းတွင်ပြန်တေ့သည်။
MinAh စိတ်ရှုပ်သလိုမျက်မှောင်သာကျုံ့ရင်း အကြည့်လွှဲကာ စာအုပ်စီပြန်ပြီးအာရုံစိုက်မိတော့ထိုလူက ဆေးလိပ်ငွေ့တွေကို သူမမျက်နှာတည့်တည့်စီမှုတ်ထုတ်သည်။
YOU ARE READING
𝖳𝗁𝖺𝗍 𝖦𝗎𝗒 || 𝖩𝖩𝖪
Fanfiction" အတ္တမကြီးနဲ့ဂျွန်ဂျောင်ကု ငါကနင့်အပိုင်မဟုတ်ဘူး " " အခုမပိုင်သေးလဲ နောက်ပိုင်လာအောင်လုပ်လို့ရတာပဲဟာ မင်းကငါတယောက်ထဲရဲ့အပိုင်ဆိုတာမြဲမြဲမှတ်ထား " " သွားသေလိုက်! "