" ဟိတ်...ဘေဘီ! "
locker တံခါးကိုပိတ်ပိတ်ချင်း မြင်လိုက်တဲ့မျက်နှာကြောင့် မင်အာ ကိုယ်လေးတုန်တက်သွားသည်။
" ရှင်..! "
" Uh..huh...ကိုယ်လေဂျွန်ဂျောင်ဂု "
ပြုံးစစမျက်နှာပေးဖြင့်ပြောလာတဲ့ထိုလူဟာ မင်အာ့ မျက်လုံးထဲမှာတော့ ဆွဲကုပ်ပစ်ချင်စရာအတော်ကောင်းသည်။
" ဖယ်ပေး "
ထိုလူ့အကြည့်စူးစူးတွေကိုရှောင်ရင်းမျက်မှောင်ကျုံ့ကာပြောမိတော့ ထိုလူကရီပြန်သည်။
" ဒီနေ့ schedule ကဘာလဲ...humm "
သူမစကားကိုအဖက်မလုပ်ပဲ ဖုန်းကိုထုတ်ကာ
ကြည့်နေတဲ့ထိုလူ။" အော...ဒီနေ့ဘေဘီအတန်းချိန်တွေကဆက်တိုက်ပဲ အတော်ပဲ ကိုယ်လဲပျင်းနေတာ ဘေဘီနဲ့လိုက်ခဲ့မယ်လေ "
မင်အာမျက်လုံးသာလှန်မိသည်။ ဒီလူသူမအတန်းချိန်တွေကိုဘယ်လိုရသွားတာတုန်း။ တစ်နေ့တစ်မျိုးမရိုးရအောင်ကို ဘေးမှာကပ်နေတာ အတော်စိတ်ညစ်ဖို့ကောင်းသည်။
" ဘေဘီရေ.... "
" တော်လိုက်တော့ ဂျွန်ဂျောင်ဂု! "
ဘေးကနေယုန်လိုမျိုး ခုန်ဆွခုန်ဆွဖြင့် လိုက်လာတဲ့ ထိုလူကိုပိတ်ဟောက်မိတော့ မျက်နှာလေးမဲ့ကာ ဝမ်းနည်းသလိုလုပ်ပြသည်။ တတ်လဲတတ်နိုင်တဲ့လူ။
" နာမည်အပြည့်အစုံကြီးအဲ့လိုမခေါ်ပါနဲ့ကွာ
ရင်ထဲအောင့်တယ် "ရင်ဘတ်ကိုလက်ဖြင့်ဖိကာ အပိုလုပ်ပြနေတဲ့လူကို မင်အာ လက်ထဲကအိတ်နဲ့သာပစ်ပေါက်လိုက်ချင်သည်။ လူကြည့်တော့ ကျားကိုးစီးစားမကုန်တဲ့ခန္ဓာကိုယ်နဲ့ လုပ်ပြနေတဲ့ပုံက မြင်မကောင်း။
" သေလိုက်လေ! "
" ဟာ...ဘေဘီးးး "
မင်အာ လဲခပ်သွက်သွက်လျှောက်ကာ နောက်အတန်းချိန်စီကိုသွားနေပေးမဲ့ ထိုလူကတော့ ပြုံးစစ မျက်နှာဖြင့်သာ သူမဘေးကနေ စနောက်ရင်းလိုက်လာသည်။ ဒီလိုနဲ့အခန်းရှေ့ရောက်တော့ မင်အာမဝင်သေးပဲရပ်လိုက်ကာ လှည့်ကြည့်တော့ အမြင်ကတ်ဖို့ကောင်းအောင်ပြုံးပြနေသော ထိုလူ။
YOU ARE READING
𝖳𝗁𝖺𝗍 𝖦𝗎𝗒 || 𝖩𝖩𝖪
Fanfiction" အတ္တမကြီးနဲ့ဂျွန်ဂျောင်ကု ငါကနင့်အပိုင်မဟုတ်ဘူး " " အခုမပိုင်သေးလဲ နောက်ပိုင်လာအောင်လုပ်လို့ရတာပဲဟာ မင်းကငါတယောက်ထဲရဲ့အပိုင်ဆိုတာမြဲမြဲမှတ်ထား " " သွားသေလိုက်! "