GOLDEN CAROL

149 17 9
                                    

2017/Dec 25

နှင်းများတဖွဲဖွဲကျနေသည့် လမ်းမအလည် ကောင်လေးတယောက်သည် အပြေးအလွားဖြင့် တစ်နေရာသို့ တစိုက်မတ်မတ်သွားနေသည်..

'ting~'
မြည်သွားသည့် ဘဲလ်သံနှင့်အတူ ဂျွန်ဂယူရင်မှာလဲ တလှပ်လှပ်။ ကံကောင်းသည်မှာ တံခါးဖွင့်လာသည့်သူမှာ သူရင်ခုန်နေသည့်သူဟုတ်မနေသည်ပင်။

'ဒေါ်လေး ရူတိုရောဟင်..'

'ရူတိုလား ဒေါ်လေးလဲမသိဘူးရယ်..ခုနကတော့အပြင်ထွက်သွားတာပဲ..ဘာလို့လဲ ဂယူ'

'အာ..ဘာမှမဟုတ်ပါဘူး..တူတူသွားစရာရှိလို့ပါ..'

'အော် ဒီလိုလုပ်လေ အိမ်ထဲမှာဝင်စောင့်နေပါလား အပြင်မှာဆို ဂယူလေး အအေးပတ်လိမ့်မယ်..'

'ရပါတယ် ဒေါ်လေး ကျွန်တော်ပြန်တော့မယ်လေ နောက်မှပဲဝင်တော့မယ်...သွားပီနော်'

ရူတိုအမေအားနှုတ်ဆက်ပီးနောက် လေးလံသည့်ခြေလှမ်းများဖြင့်ထွက်လာလိုက်သည်

/ဖွင့်ပြောဖို့လုပ်ထားတာကို...မင်းက ဘယ်သွားနေပြန်တာလဲ..ရူတိုရာ../

|လမ်းမထက်တနေရာ|

လူများ စုရုံးနေကြသည်။ အသံများမှာလဲဆူညံကာ လူနာတင်ကားအားအလျင်အမြန်ခေါ်နေကြသည်။

ဂျွန်ဂယူ... သူ့ခြေထောက်ရှေ့မှာ မာဖလာတထည်... သွေးများဖြင့်ပေကျန်နေသည့်ထိုမာဖလာအား ကောက်ကိုင်လိုက်ကာ မျက်ရည်များတသွင်သွင်စီးလာတော့သည်

'ရူတို ဒါငါထိုးပေးတဲ့ မာဖလာမလား..'

အတုန်တုန်အယင်ယင်ဖြင့် တကိုယ်ကြားလေသံဖွဲဖွဲဖြင့်ပြောပီးနောက် ထို လူစုလူဝေးထဲသို့ တရှိန်ထိုးပြေးသွားလေသည်

'ရူတို..ရူတိုရား.....ဟာရူတို....ဖယ်ပေးကြပါ ခဏလောက်ဖယ်ပေးကြပါ.'

ရှိသမျှ အသံကုန်ဟစ်ကာ လူစုအလယ်သို့တွန်းဝင်လိုက်သည့် ရလဒ်ကတော့.....
သူထင်ထားသည့်ဟာရူတိုဖြစ်မနေသည့်အပြင် အခြားdeliပို့သည့်လူဖြစ်နေသည်

'ဂျွန်..~'

ထိုအသံဩဩပိုင်ရှင်...ဂျွန်ဂယူအား ကိုယ်ပိုင်နာမ်စား :ဂျွန်: ဟုခေါ်တတ်သည့် ထိုလူသား...
လှည့်ကြည့်စရာမလိုဘဲ ဘယ်သူမှန်းဂျွန်ဂယူသိနေသည့်အတွက် မျက်လုံးများမှိတ်ကာ ရင်ခွင်ထဲသို့ အပြေးသွားမိသည်

GOLDEN CAROL Where stories live. Discover now