#1 trending on twitter - worldwide
#gyuricky
@person1
အဲ့တာဆို သူတို့က တကယ် တစ်ခုခုဟုတ်နေတာလား မဟုတ်တာလား ? ဘာလို့လဲဆိုတော့ Vegas က လူတွေ ရူးမိုက်တဲ့ဆုံးဖြတ်ချက်ချလေ့ရှိကြတဲ့မြို့ လို့ သိထားကြတာကို သူတို့ကို Vegas မှာ တူတူ မြင်လိုက်ရတယ်လေ
ပြီးတော့ မင်း သူတို့လက်ကို မြင်လား ?
သူတို့နှစ်ယောက်လုံးရဲ့ လက်မှာ လက်စွပ်တွေရှိနေကြပြီ ငါသာ အမှတ်မမှားဘူးဆိုရင်
အဲ့တာ အစက မရှိခဲ့ပါဘူး
So call me delulu or shit but
အကယ်၍ တကယ်သာ သူတို့ မူးပြီး လက်ထပ်ခဲ့ကြတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ?Replies :
@person2
y'all delulu are making me hate the fandom die
( sorry I don't know how to translate "delulu" 😭)
@person3
စိတ်လျှော့ ဘရို
မင်း asshole ဖြစ်စရာမလိုပဲ လက်မခံပိုင်ခွင့်ရှိပါတယ်@person4
အဖွဲ့ရော ကုမ္ပဏီရောက statement လေးတစ်ခုတောင် လာမထုတ်ပေးတာ ထူးဆန်းတယ်လို့ မင်းတို့မထင်ကြဘူးလား ? ငါတို့
အကုန်မြင်ခဲ့ကြသလို ပုံတွေကလည်း နေရာတိုင်းမှာပဲ ဒါပေမယ့် သူတို့က ဘာတစ်ခုမှ ထုတ်မပြောလာကြဘူး@person5
Leave them alone
___________________________
ဖုန်းကိုပိတ်ပြီး ရစ်ခီ သက်ပြင်းချလိုက်တယ်
သူ ဒီအရေးမပါတာတွေကို မြင်ရတာ လုံလောက်နေပါပြီ ပြီးတော့ ဒါကို ကိုင်တွယ်နိုင်ပါ့လား သူမသိတော့ဘူး၊ အခြေအနေတွေက သူတို့နှစ်ယောက်လုံးအတွက် လုံလုံလောက်လောက် ခက်ခဲနေပြီ
ဒါပေမယ့် လူထုကပါ ပိုရှုပ်စေခဲ့မယ်ဆိုရင် ?
နားလည်မှုလွဲတာပါလို့ သူတို့ ဘယ်လိုရှင်းရမလဲ ...
ဒါနဲ့ပတ်သတ်ပြီး လိမ်ရမှာလား ?
အခု သူတို့ တရားဝင်လက်ထပ်ပြီးပြီဆိုတာက အမှန်ပဲလေ ။ဟန်ဘင်းဟျောင်းင ဂယူဘင်းရဲ့အိတ်ထဲက လက်ထပ်စာချုပ်ကိုတောင် ရှာတွေ့ခဲ့သေးတယ် ၊ inside joke တစ်ခုဖြစ်ပြီး တကယ်ဖြစ်ခဲ့တာမဟုတ်လောက်ပါဘူးဆိုတဲ့
သူတို့ရဲ့ မျှော်လင့်ချက်တွေက
အခု အကုန်ပျောက်ကွယ်သွားပြီ
အခုတော့ ပြန်နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့ဘူး ၊
အမေရိကန်ဥပဒေအရ မကွာရှင်းခင် လက်ထပ်ပြီးတာ အနည်းဆုံး တစ်နှစ်ရှိရမှာမို့
သူတို့ တစ်နှစ်စောင့်ရတော့မယ်
ဆိုလိုတာက
သူတို့လမ်းမခွဲခင် တစ်နှစ်ပတ်လုံး
လက်ထပ်ထားပြီးတဲ့ ဂယူဘင်း နဲ့
နေရတော့မယ်
ရိုးရိုးသားသားပြောရရင် အလွန်ကြည်လင်ပြတ်သားတဲ့ အိပ်မက်တစ်ခုလို ခံစားရပြီး
သူလည်း တစ်ချိန်ချိန်မှာ လန့်နိုးလာနိုင်ပါတယ် ဒီကိစ္စတစ်ခုလုံးက အမှန်ဖြစ်နေမယ်ဆိုတာက ဖြစ်နိုင်စရာအကြောင်းမရှိပါဘူး ဟုတ်တယ်မလား ?
လုပ်စမ်းပါ သူ့အချစ်ဆုံးသူငယ်ချင်းကို လက်ထပ်လိုက်တာထက်တော့
သူ အသိဥာဏ်ရှိဦးမှာပါ ၊
သူ ငြင်းလို့မရတဲ့ခံစားချက်တွေရှိနေနိုင်တဲ့
ဒါမှမဟုတ် မရှိနိုင်တဲ့ အချစ်ဆုံးသူငယ်ချင််း
ဒါပေမယ့် ဒါက နောက်ကိစ္စတစ်ခုပါ
YOU ARE READING
The moon is full...[𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]
FanfictionStory name - The moon is full, my bed is empty, the ring shines. All rights goes to original author @ hellooo_len. I don't own this story. I'm just translating. Also I apologize in advance for the translation not being exact. 𝖲𝗍𝖺𝗋𝗍 𝖽𝖺𝗍𝖾...