ep. 13

760 87 5
                                    

Unicode;

နွေရာသီ...
ကောင်းကင်ကြီးက ကြည်လင်နေတာပဲ...
ဒီတစ်​လော ဓာတ်ပုံအဖွဲ့ဘက်တောင် ခြေဦးမလှည့်ဖြစ်ဘူး...
စာမေးပွဲ​ကြီးက နီးနေပြီပဲ...
ဘယ်သူမှလည်း သွားဖြစ်လောက်မှာမဟုတ်ဘူး..
ပစ္စည်းတွေ ဖုန်တက်နေပြီများလား...

"ဝမ်ရိပေါ်..."

သူ့နာမည်အလှည့်ရောက်လာပြီမို့ အရှေ့ဘက်ကို အာရုံပြန်စိုက်လိုက်တယ်....
ဆရာ​ရှောင်းတစ်ဖြစ်လဲ အကိုက သူ့အမှတ်စာရင်းအဖြေလွာကို ဂရုတစိုက်ကြည့်နေပြီး သူ့ကိုကြည့်လာရဲ့...
ဆရာရဲ့ဒီအမူအရာကြောင့် တစ်တန်းလုံးဟာ တိတ်ဆိတ်လို့ စိတ်ဝင်စားနေကြတယ်။

အကိုက ကျေနပ်စွာပြုံးလိုက်ပြီး..

"96 ရာခိုင်နှုန်း.."

"wowww!!!"

"ဘုရားရေ!!"

"မဖြစ်နိုင်တာ.."

တစ်တန်းလုံးရဲ့တုံ့ပြန်သံက အားရဖွယ်ရာ ကျယ်လောင်လို့ပဲ...

တိတ်ဆိတ်နေဆဲက သူကိုယ်တိုင်သာ...

သူစိတ်အေးလက်အေးပဲထသွားလိုက်ပြီး အကို့လက်ထဲက အဖြေလွာကို ယူလိုက်တယ်။
စာရွက်ထိပ်မှာ အကို့လက်ရေးလှလှနဲ့ရေးထားတဲ့ 96 ဆိုတဲ့အမှတ်ရယ် ဘေးမှာ Very Good ဆိုတဲ့ မှတ်ချက်ရယ်...
ပြန်လှည့်လိုက်ပြီး သူ့နေရာကို ပြန်လျောက်သွားတဲ့အချိန်မှာ တစ်တန်းလုံးရဲ့အကြည့်တွေဟာ အံ့သြမှု၊ တုန်လှုပ်မှုနဲ့ အားကျမှုတွေပါဝင်နေတာကို တွေ့လိုက်ရတယ်။
ရှင်းယီက လက်မထောင်ပြပြီး လျန်ချိုးဟွာကတော့ အသိအမှတ်ပြုသည့်ဟန် ခေါင်းငြိမ့်ပြတယ်။
သူ့ရင်ထဲ နည်းနည်းလှုပ်ရှားသွားရဲ့...

သူ့နေရာမှာပြန်ထိုင်လိုက်ပြီး အကို့ကိုပြန်ကြည့်လိုက်တယ်။
ကြည့်ပါလား... ကျွန်တော်လုပ်နိုင်သားပဲ...
အကိုကရယ်ကာ နောက်ကျောင်းသားတွေရဲ့အမှတ်စာရင်းကို ဆက်ကြေငြာပေးနေတယ်...
သူ့အပေါ်မှာ ကြာကြာအာရုံမစိုက်နိုင်...

"လုမင်..."

"ရှောင်ဟွေ့... "

"ကျင်းတျန်..."

စာသင်ခန်းက ပုံမှန်အတိုင်း ဆူညံကျွတ်စီနေပြန်တယ်။
ခဏတာပါပဲ... အခိုက်အတန့်တစ်ခုပဲ...
အားလုံးရဲ့အာရုံဟာ နေရာစုံကို ပြန်ပြီးပြန့်လွင့်သွားပြီ..
ကျောင်းမှာ ထိပ်တန်းရတဲ့ခံစားချက်က ပုံမှန်ထက်နည်းနည်း ထူးခြားသွားတာကလွဲရင် အဲ့လောက်ကြီးလည်း ကောင်းမနေပါဘူး...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now