ep. 25

850 75 1
                                    

Unicode;

နှစ်ယောက်အတူတွဲလို့ ကင်မရာဘောင်ထဲရပ်တည်ခြင်းက ဒီနေ့ပထမဆုံး...
ပထမဆုံးသူတို့ရဲ့ဓာတ်ပုံလေးမှာ ရှောင်းကျန့်ကရယ်မောကာ ဝမ်ရိပေါ်ကပြုံးတယ်...
ဒုတိယဓာတ်ပုံမှာ ဝမ်ရိပေါ်နည်းတူ လက်နှစ်ချောင်းထောင်တဲ့ Same post လုပ်ပြီး တတိယပုံမှာတော့ ရှောင်းကျန့်က ရိပေါ်ပါးကိုဖျက်ကနဲလှမ်းနမ်းလို့ မှတ်တမ်းတင်ထားလေရဲ့...

St. Peters ဘုရားကျောင်းမျော်စင်ကနေမြင်ရတဲ့ ဂျနီဗာရဲ့ ညနေခင်းရှုခင်းအလှအပကိုငေးမလား ရှောင်းကျန့်ကိုငေးမလားလို့မေးရင် ဝမ်ရိပေါ်က ရှောင်းကျန့်ကိုပဲရွေးချယ်မယ်...
သူက အခုထိ အကို့ကိုငေးရတာကိုအရာအားလုံးထက် ကြိုက်တုန်းပဲဖြစ်တယ်...

လမ်းတစ်လျောက်မလွတ်တမ်းလက်တွဲလို့ ဦးဆောင်ပါတဲ့ အကိုကအားထားမိရာအမျိုးသားတစ်ဦးဖြစ်သလို မျော်စင်လှေကားအတက်မှာ ကြောက်လို့တုန်ချိနေခဲ့တဲ့အကိုက ချစ်စဖွယ်ရာလူတစ်ဦး...

"ကိုယ် ပြီးခဲ့တဲ့နှစ်တွေတစ်လျောက်လုံး ဒီနေရာတွေကိုမရောက်ခဲ့ဘူး..."

"မဖြစ်နိုင်တာ.."

"ဒီနေရာတွေကို တစ်ယောက်တည်းလာရမှာ အထီးကျန်တယ်လေ.... ရောက်တဲ့နေရာတိုင်းမင်းကို ပုံဖော်ကြည့်မိပြီး မင်းနဲ့အတူကိုယ့်နေ့ရက်တွေဖြတ်သန်းနိုင်ဖို့ကို ခဏခဏစိတ်ကူးယဉ်မိတာမို့..."

"မသိရင်ကျွန်တော်ကပဲ ထားသွားတာကျနေတာပဲ.."

သူကမျက်လုံးကိုထောင့်ဝေ့ကာ ခပ်တိုးတိုးဆိုတော့ အကိုက သူ့ဘက်ကိုမျက်နှာတစ်ချက်လှည့်ကာ သူ့လက်ကိုလှမ်းလို့သွယ်ယှက်တယ်...
အကြိမ်တိုင်းနွေးထွေးနေတဲ့အကို့လက်ဖဝါးက ညနေခင်းရဲ့လေအေးအေးကိုတောင် ငြိမ်သက်သွားစေသလိုပဲ...

"မမျော်လင့်ပဲ မင်းကကိုယ့်အနားရောက်လာပြီး ကိုယ့်ရဲ့စိတ်ကူးတွေကို ဖြည့်ဆည်းပေးလိုက်တာပဲ....."

နေရောင်ဖျဖျက ခပ်နွေးနွေးဖြာလို့ ပိုပြီးတည်ငြိမ်ရင့်ကျက်လာတဲ့အကိုက သူ့ကိုမပြောင်းလဲတဲ့ ချစ်မြတ်နိုးမှုတွေဖြစ်စေတုန်း...

"ကိုယ်ဘယ်လောက်တောင် စိတ်လှုပ်ရှားရလဲဆိုတာ မရှင်းပြတက်အောင်ပဲ... "

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now