"နင်ချစ်တာ ဒါတဲ့လား မယ်မဒီ "
"ငါသွားနေတဲ့ တစ်လအတွင်း နင်လင်တစ်ယောက် ရှာယူပြလိုက်တာကိုပြောတာလား"
အေးချမ်းစွာ ကျင်းပနေသည့် မင်္ဂလာပွဲအတွင်း များစွာသော ဧည့်ပိရိသတ်တို့ရဲ့အလည်
ခပ်ရွဲ့ရွဲ့စကားလုံးနှင့် တစ်ယောက်ထဲ ထိုင်ကာရေ
ရွတ်နေသူရှိပါ၏။ထိုသူမှာ မျက်နှာထက် Maskအုပ်ကာ
ရွှေဝါရောင် သူ့စံပင်တိုအား ခပ်ကျစ်ကျစ်စည်းထားပြီး ဉီးထုပ်တစ်လုံးအား ခိုက်ငိုက်ငိုက်စောင်း ထားပါသေး၏။ထို့နောက် အနက်ရောင်ပိတ်ပေါင်း နေသည့် Suitတစ်စုံကို ခန္တာကိုယ်တွင် စမတ်ကျအောင်ဝတ်ဆင်ထားပြီး ခြေထောက်ထက်တွင်လည်း ပြောင်လက်နေသောရှူးတစ်စုံရှိသည်။ပြီးနောက် က္ကတိပါလွားသည့် ခုံပေါ်ဝယ် ထိုသူမှာ စိတ်ထင်တိုင်း လျော့ရဲစွာထိုင်နေကာ ကျယ်ပြန့်သည့် နောက်ကျောပြင်နဲ့ စူးရှကာ ပြာလဲ့ရောင်ဆန်နေ
သည့်မျက်ဝန်းတို့ကြောင့်အများစုက ယောကျာ်းတစ်ယောက်လို့ပင် သတ် မှတ်ကြသော်လည်း ထိုသူရေရွတ်လိုက်သည့်စကားကြောင့် ကြည်ကြည် လင်လင်မိန်း ကလေးတစ်ယောက်ရဲ့ အသံမှန်းသိသွားကြလေ၏။အမည်မသိ ထိုသူ့ရဲ့အသံမှာ ကနွဲ့ကလျနဲ့ နွဲ့နေတာမဟုတ်ပါပဲ သဘာဝကျကျနဲ့ ပြတ်သားလွန်းသည့် မိန်းကလေးတစ်ယောက်ရဲ့ အသံသာဖြစ်၏။
"နင် ဘာလာလုပ်တာလဲ.!"
"ဒါ ငါ့မင်္ဂလာပွဲနော်! "
"နင် လာ ဖျက်ဆီးနေတာလား!"
"နင်...အခုထွက်သွား ! ! "
ခန်းမအလယ် အဖြူရောင်ဝတ်စုံနှင့် သတို့သမီးက သူမရဲ့ မင်္ဂလာပွဲကို မဖိတ်ခေါ်ပါပဲရောက်လာသည့် ထိုမိန်းကလေးအား နှင်ထုတ်လို့နေပါ၏။
"ငါက ငါ့ချစ်သူဆီကို ငါလာတာကို ဘာ!ေ_ာက်ကိစ္စနဲ့ ထွက်သွားရမှာလဲ!"
မယ်မဒီ့ရဲ့ နှင်ထုတ်မှုအား ငြင်းဆန်လိုက်သည့် ထိုမိန်းကလေးမှာ မယ်မဒီ့ကို သူမရဲ့ ချစ်သူ
ရီးစားလို့ သုံးနှုန်းလိုက်တာမို့ ဧည့်ပိရိတ်သတ်အလယ် တီးတိုးပြောပွဲဖြစ်သွားရှာလေသည်။