"Phuwin"
"ဟင်"
"Gem ဘယ်သွားလဲ"
အခုမှ toilet ကပြန်လာတဲ့ Fourth က သင်္ချာငုံ့တွက်နေတဲ့ Phuwin ရဲ့ကျောကို ဖွဖွပုတ်ရင်းမေးသည်။
"ကျောင်းအုပ်ကြီးကခေါ်လို့ ရုံးခန်းထဲခဏသွားတယ်"
"တစ်ယောက်ထဲလား"
"အတန်းခေါင်းဆောင်လည်းပါတယ်"
"မင်းကဘာလို့လိုက်မသွားတာလဲ"
"ငါကစာမှမပြီးသေးတာ ကျောင်းအုပ်ကြီးကစာပြီးတဲ့သူပဲခေါ်တာ"
"ငါ့ကြတော့မခေါ်ဘူး"
"ညီညီကမင်းကိုစောင့်သားပဲ မင်းကတစ်ချိန်လုံး သေးပဲသွားပေါက်နေတာကိုး"
"ဟွန့်"
သေးပေါက်တာအပစ်လား။
Fourth မကျေမနပ် နှာမှုတ်ရင်းစားပွဲပေါ်ခေါင်းလေးစောင်းတင်ကာအိပ်လိုက်သည်။
အဲဒီအတန်းခေါင်းဆောင်ဆိုသည်မှာလဲ အခွင့်အရေးရတာနဲ့ Gem နားကိုကပ်ဖို့ပဲအမြဲချောင်းနေတာပဲ။"ဟွန့်"
တခြားသူတွေထက် Gem ကိုအရမ်းအခွင့်အရေးပေးပြီး လိုတာထက်ကိုပိုအရောဝင်ချင်သည်။
မိန်းကလေးတန်မဲ့နဲ့ Gem ကိုဆိုသိပ်ပရောပရီလုပ်လွန်းသည်။
Fourth သူ့ကိုလုံးဝကြည့်လို့မရပေ။ လှ ကလည်း လှသေး။"ဟွန့်"
"ဘာဖြစ်နေတာလဲ တ ဟွန့် ဟွန့် နဲ့ သွေးဆုံးကိုင်နေတာလား"
"မင်းကြီးတော်ကြီးကိုသွေးဆုံးကိုင်ရမှာလား"
"အလကားနောက်တာပါကွာ မင်းသဝန်တိုနေတာမလား"
"တိုတာပေါ့ကွ "
"အဲ့ဒါဆိုလည်းမြန်မြန်ဖွင့်ပြောလိုက်တော့လေ မင်းကကိုယ်တိုင်ကျတော့ဖွင့်မပြောဘူး ငါပြောပေးပါ့မယ်ဆိုတော့လဲမဟုတ်ပြန်ဘူး ဘာတွေအဲ့လောက်တွေဝေနေမှန်းမသိဘူး"
Phuwin စကားဆုံးတော့ Fourth ကသက်ပြင်းကို ဟူး ခနဲချရင်းထိုင်ခုံကိုခြေပစ်လက်ပစ်မှီချလိုက်သည်။
"ဖွင့်ပြောတာကလွယ်တယ် မလွယ်တာက ငါ့ကို Gem ဘယ်လိုသဘောထားလဲဆိုတာသိဖို့ပဲ
ငါဖွင့်ပြောလိုက်မှ Gem ကငြင်းလိုက်ရင် ငါ့မှာအခင်ဆုံးသူငယ်ချင်းတစ်ယောက်ကိုရော အချစ်ဆုံးလူကိုပါတစ်ပြိုင်ထဲဆုံးရှုံးရမှာ အဲ့လိုဖြစ်မှာငါအကြောက်ဆုံးပဲ"
YOU ARE READING
ငယ်ချစ်
Randomလူ့ဘဝဆိုတာတိုတိုလေး အဲ့ဒီတော့.... အချိန်ရှိတုန်းလေးမုန့်များများစားထားရမယ် #Gemini သောက်စားနဲ့ သောက်ဆော့ပဲမက်မနေနဲ့ ဒီမှာ flirt နေတယ် နဲနဲလေးသောက်ဖက်လုပ်အုံး #Fourth