ငယ်ချစ် (၇)

1.3K 117 62
                                    

"Nong Phuwin...... Nong Gemini"

ရုပ်ရှင်ရုံရောက်ခါနီးမှဆိုင်ကယ် ဘီးပေါက်သွားတာကြောင့် နှစ်ယောက်သားဘူ နေတုန်း ထိုင်းစကားကိုတရုတ်သံဝဲဝဲနဲ့ဆိုရင်းဘေးကိုထိုးရပ်လာတဲ့ဆိုင်ကယ်ကြောင့် Gem ရော Phuwin ပါဝမ်းသာသွားကြသည်.....

" Zhan Ge"

"ဆိုင်ကယ်ပျက်နေတာကြလား"

အပြုံးချိုချိုလေးနဲ့ မေးလာတဲ့ Zhan Ge က အမြွှာတို့ resort ရဲ့ manager......

ထိုင်း တရုတ် အင်္ဂလိပ် ဘာသာစကားသုံးမျိုးကိုပိုင်နိုင်စွာပြောဆိုနိုင်သည့်အပြင် ရုပ်ရည်ကလည်း‌မှုန်နေအောင်ချောပြီး hotel management နဲ့ဘွဲ့ရထားတဲ့ ဒီတရုတ်လူမျိုးအစ်ကိုကြီးက Phuket လို foreigner အလာများတဲ့နေရာမှာတော့ ရွှေထက်အဖိုးတန်တဲ့လူပင်.....

စိတ်ထားလဲကောင်းသလို အလုပ်လည်းကြိုးစားတဲ့ Zhan Ge က အမွှာနှစ်ယောက်လုံးကို ညီအရင်းလိုသဘောထားကာစောင့်ရှောက်ပေးလေသည်မို့ Gem တို့နှစ်ယောက်ကလည်း Zhan Ge ကိုဆိုအစ်ကိုအရင်းနဲ့မခြားတွယ်တာကြလေသည်......

"ကျွန်တော်တို့က ကိုကိုကြီးတို့ Fourth တို့နဲ့ရုပ်ရှင်အတူတူကြည့်ဖို့ ချိန်းထားတာ
ရောက်ခါနီးမှ ဆိုင်ကယ်ကဘီးပေါက်သွားတယ်
ဒီကြားထဲ ကျွန်တော်ကပူပါတယ်လို ပြောနေတဲ့ဟာကို ကိုကို ဆိုတဲ့ကောင်က ဒီ hoodie အမည်းကြီးအတင်းဝတ်ခိုင်းလို့ ဝတ်လာရတာ အခုတော့ငါးပါးတွေကိုမှောက်ရောပဲ
နဖူးကချွေးတွေ ခြေမပေါ်ကျကုန်ပြီ"

မျက်စိပေါ်ထိုးကျနေတဲ့နေရောင်ကိုလက်နဲ့ကာရင်း Gem ကစူစူစောင့်စောင့်နဲ့ဖြစ်ကြောင်းကုန်စင်ကို Xiao Zhan ကိုအဖေကြီးသဖွယ် တိုင်တမ်းလေတော့ Phuwin ကလည်းသူအပစ်သူကာတဲ့အနေနဲ့ အားကျမခံထပ်တိုင်သည်......

"ကျွန်တော်က ကားလေးနဲ့သွားကြမယ် ညီညီရေ လို့ပြောတဲ့ဟာကို သူကအရစ်ရှည်ပြီး ဖေဖေ့ဆိုင်ကယ်ကြီးကောက်မောင်းချလာတာ Zhan Ge....
အဲ့ဆိုင်ကယ်က ဖေဖေ အရင်တစ်ခေါက်က ‌reception ကအစ်မကိုတင်ခေါ်လို့မေမေနဲ့ ရန်ဖြစ်ပြီးထဲက ဂိုထောင်ထဲမှာ ချောင်ထိုးထားတာကြာလှပြီ
သူ့ဟာသူမစစ်ပဲယူစီးတာ
အခုတော့ ကျွန်တော်ရော သူရော လမ်းဘေးရောက်ပြီ
ကျွန်တော်ဝတ်ခိုင်းတဲ့ hoodie ကလက်ရှည်ဆိုပေမယ့် အေးတယ် ချည်သားလေး"

You've reached the end of published parts.

⏰ Last updated: Nov 21, 2023 ⏰

Add this story to your Library to get notified about new parts!

ငယ်ချစ်Where stories live. Discover now