Part - 10

3.1K 294 46
                                    

"မီးဗျို့...မီးဗျို့"

"ဒူ...ဒူ...ဒူ"

ကင်းလှည့်စစ်သည်များ၏မီးအချက်ပေးသံနှင့်အတူ စည်တော်တီးသံမှာ အင်းဝမြို့တွင်း ညံသွားလေသည်။ ညဥ့်သန်းခေါင်ယံချိန် အင်းဝပြည်သူများမှာ အလန့်တကြားနိုးထလာကြလေ၏။

ညဥ့်လေနီကြမ်းသည် အလွန်ပြင်းသဖြင့် သစ်ပင်ကြီးများ လှုပ်ခါနေပြီး နှင်းမောင်၏အိမ်တော်မှ မီးသည် လွင့်ကာ တောင်ဘက်သို့ ကူးလေသည်။ မီးခိုးများမှာ အလုံးလိုက် ကောင်းကင်ပေါ်သို့ တက်ကုန်ကြသည်။ မီးလောင်သောအရပ်နှင့် နီးသည့် ပြည်သူတို့မှာ အထုပ်များ ဆွဲ၍ ကင်းလွတ်ရာပြေးကြသည်။ အချို့လူများမှာ ရေပုံးများ ကိုယ်စီဆွဲကာ ထွက်လာကြသည်။ ဧရာဝတီမြစ်ရေကို ပြေးခပ်သူခပ် အနီးရေတွင်းများမှ ခပ်သူခပ်ဖြင့် ဝိုင်းဝန်းမီးငြိမ်းကြသည်။ လူအများ ရှုပ်ယှက်ခတ်နေကြသည်။

အဋ္ဌာကတော့ ဤမြင်ကွင်းကို မြင်းပေါ်မှ မမှိန်မသုန် ကြည့်နေသည်။ လေကြောင့် ဖြန့်ချထားသော အဋ္ဌာ၏တင်ပါးနီးနီးဆံနွယ်ရှည်တို့မှာ အသာဝဲလွင့်နေပြီး ဗလာထဘီလေးမှာလည်း တချက်ချက်ဝဲသွားသဖြင့် လရောက်အောက် ပေါင်တံသွယ်သွယ်မှာ အထင်းသားပေါ်နေသည်။

"ကျုပ်အိမ်တော်ကုန်ပါပြီကွာ"

မီးတောက်၏ဝါးမျိုခြင်းကို ခံထားရသောပြာကျလုနီးနီးဖြစ်နေသည့် အိမ်တော်ကို အဋ္ဌာကြည့်၍ ခပ်မဲ့မဲ့ပြုံးလိုက်သည်။ နှင်းမောင်သည် ပုဆိုးခါးထောက်ကျိုက်ကာ ရဲမက်များအား မီးအမြန်ငြိမ်းရန် ဖိအားပေးလှုံ့ဆော်နေလေ၏။ နှင်းမောင်၏အိမ်တော်မှာ အသက်တအောင့်၌ပင် ပြာပုံဖြစ်သွားလေသည်။

"လေပြင်းကြောင့် ပြည့်တန်ဆာတန်းမီးကူးလေပြီဘုရား"

"မြန်မြန်ငြိမ်းကြစမ်းလေ၊ သူဌေးတန်းကို ထပ်မကူးလေစေနဲ့၊ အားစိုက်ကြလေကွယ်"

ကိုးသိန်းသခင်တို့လိုအရာရှိများရောက်လာကြသဖြင့် ရဲမက်များ လျှောက်တင်နေကြကာ အားလုံးမှာ မီးငြိမ်းရန် အပူတပြင်း ကြိုးစားနေကြသည်။

"ရှို့မီးပေပဲ၊ ကျုပ်အိမ်တော် မီးတုတ်ပစ်ခံရလေတယ်၊ ယခုချက်ချင်း မောင်မင်းတို့ တရားခံကို မိအောင် ဖမ်းကြစမ်း"

Dr. Princess/ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now