သံလျင်မြို့ဝန်မင်းရဲအောင်နိုင်သည် ရမ္မက်ဖုံးလွှမ်းနေပြီး အဋ္ဌာကိုယ်ပေါ်မှ သင်တိုင်းဝတ်ရုံအား ချွတ်ရန်သာ အလောတကြီးအာရုံရောက်နေ၏။ အဋ္ဌာမှာ ငြိမ်မခံနေသင့်ကြောင်း ကျောက်ရုပ်အသက်ဝင်လာလို ဦးနှောက်မှာ အချက်ပြလာပြီး လက်ထဲမှ ဆံထိုးဖြင့် လက်လှမ်းမှီရာ မင်းရဲအောင်နိုင်၏နားစည်သို့ အားစိုက်ထိုးချလိုက်သည်။ သန်လျင်မြို့ဝန်နားထဲမှ သွေးများ စီးကျလာပြီး အားခနဲ အော်သံမှာ ကျယ်လောင်လွန်းလှသည်။ မြို့ဝန်သည် နားကို လက်ဖြင့် အုပ်ကာ နာလွန်း၍ ညည်းညူအော်ဟစ်ရင်း ကြမ်းခင်းပေါ် လူးလိမ့်နေ၏။ သို့သော် အဆောင်အခန်းပြင်ပမှ အစောင့်ရဲမက်များ မည်သူမှ မဝင်လာကြပါ။
အဋ္ဌာ အလျင်အမြန်ထ၍ ဖရိုဖရဲဖြစ်နေသော မိမိဝတ်ရုံအား လုံခြုံအောင် ပြင်ဝတ်လိုက်သည်။ ပြီးနောက် တံခါးနှစ်ရွက်ကို အသာဆွဲဖွင့်ကြည့်လိုက်တော့ အခန်းပြင်၌ စောင့်နေသော အစောင့်ရဲမက်နှစ်ဦးက တခွိခွိကြိတ်ရယ်နေရာမှ အလန့်တကြား လှည့်ကြည့်လာ၏။
''ရဲ...ရဲမက်တို့ သည်မိန်းမကို သတ် သည်မိန်းမကို သတ်ကြစမ်း"
အစောင့်နှစ်ဦးသည် မြို့ဝန်တိုက်ခိုက်ခံရကြောင်း သိတော့ ဓားဆွဲထုတ်လာကြ၏။ အဋ္ဌာ တံခါးရွက်နှစ်ချပ်ကို အလျင်စလို ဆွဲပိတ်လိုက်တော့ သူတို့က တံခါးကို ချိုးဖဲ့ဖျက်ဆီးကြသည်။ အဋ္ဌာ နောက်တစ်လှမ်းဆုတ်၍ ပွတ်လုံးတိုင်ထောင့်ရှိ သောက်ရေအိုးကို လှမ်းမကာ အခန်းထဲ တိုးဝင်လာသော အစောင့်ရဲမက်ခေါင်းအား ရိုက်ခွဲချလိုက်သည်။ သောက်ရေအိုးကွဲသွားပြီး ရေများ လျှုံကျကာ အစောင့်မှာ သွေးအလိမ်းလိမ်းဖြင့် လဲကျသွာ၏။ အစောင့်ရဲမက်နောက်တစ်ဦးမှာ အဋ္ဌာဆီသို့ ဓားဖြင့် ပြေးဝင်ခုတ်သဖြင့် အဋ္ဌာလှမ်းရှောင်ကာ လက်ထဲမှ ဆံထိုးဖြင့် ဤလူလည်မျိုသို့ ဝင်ထိုးလိုက်သည်။ နှင်းမောင်သည် အစောင့်ရဲမက်များစွာ ဝန်းရံကာ ဒေါသတကြီး ရောက်ရှိလာ၏။
အဋ္ဌာ ရွှေဆံထိုးကို ဆွဲနုတ်၍ ရဲမက်အလောင်းကို နှင်းမောင်ဘက်သို့ တွန်းပစ်လိုက်သည်။ ပြီးတော့ သန်လျင်မြို့ဝန်မင်းရဲအောင်နိုင်အား ဆွဲထူကာ ဆံထိုးဖြင့် လည်မျိုသို့ ချိန်ရွယ်လိုက်သည်။ အစောင့်ရဲမက်တို့သည် အဋ္ဌာအား ဝိုင်းတိုက်ခိုက်ရန် ပြင်ကြ၏။
YOU ARE READING
Dr. Princess/ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်