The past is Start !

211 25 4
                                    

မနက်အစောကြီး Yoshi နေတဲ့အဆောင်ဆီသို့ ကားအမဲထိုးရပ်ကာရောက်ရှိနေတဲ့ ဂျယ်ဟော့ပင်
ဖုန်းနံပါတ်တောင်းဖို့မေ့နေတဲ့အတွက်ကြောင့်
မနက်အစောကြီးထဲက သူထွက်လာတဲ့အချိန်ထိ လာစောင့်နေခြင်းပင်

ဟော ဟိုမှာထွက်လာပါပီ ကျွန်တော့ရဲ့ အကောင်ပေါက်လေး စောင့်ရတာနေ့တစ်ဝက်ကျိုးသော်ငြားလဲ တန်ပါတယ်။ ဆံပင်ငွေရောင်လေးကလဲ လေနဲ့အတူဝဲတဲတဲ ၊ ဖိနပ်ကလေးကတော့ သူအကြိုက်ဆုံးအရောင် အနီလေး ၊ ထုံးစံတိုင်း သူဝတ်နေကြ Hoodie အပြာလေးနဲ့ပဲ ၊ လက်ထဲမှာလဲ Ebisu bridge မှာ ပန်းချီသွားဆွဲမလိုထင်ပါရဲ့ မနိုင်မနင်းနဲ့ ၊ လုံးလုံးနဲ့ သိပ်ကိုချစ်ဖို့ကောင်းသည်။ အလျှင်အမြန်ကားပေါ်ကဆင်းလျှက် -

" Yoshi Kun ဘယ်သွားမလို့လဲ "

" Ebisu bridge သွားမလို့ "

" ထင်ပါတယ်...."

" ဘယ်ကိုလာတာလဲဟင် "

" Yoshi Kun ဆီကိုပဲတန်းလာတာ "

" ဗျာ "

" ဘာလဲ အံ့ဩသွားတာလား .. လာကားပေါ်တက်လိုက်ပို့ပေးမယ် "

" ရပါတယ် မလိုပါဘူး ကို့ဟာကိုသွားမယ် "

" နိုးးးး... ကျွန်တော်က ဒါဆို ဒါမှကြိုက်တာမို့
မငြင်းပါနဲ့ "

" နေပါဦး... Jaehyuk Kun ကအလုပ်မရှိဘူးလား"

" ဟင့်အင်း... ကျွန်တော်က 5 star hotel founder "

"......."

" အံ့ဩမယ်ဆိုလဲ နောက်မှ အံ့ဩ .. လာကားပေါ်တက် "

ဂျယ်ဟော့ဟာအတင်း ထောက်တိုင်ကို လက်ထဲက ဆွဲလုပီး ကားပေါ်တက်သွားတာကြောင့် ယိုရှီဟာဘာမှပြောလို့မရတော့ပေ ။

လူစည်းကားလှတဲ့ Ebisu bridge မှာ ဒီအကောင်ပေါက်လေးက ပန်းချီကားအကြမ်းပြင်းတစ်ချပ်ကို ယမ်း ၁၀၀ နဲ့ဆွဲနေလေရဲ့.. ဝါသနာလို့ထင်ပါတယ်၊ မျက်နှာလေးဟာပြုံးပျော်နေရောပဲ ၊ ဤအပြုံးကိုမြင်တိုင်း ကျွန်တော်ပိုလို့ရင်ခုန်ရပါသည်။

" Yoshi Kun... ကျွန်တော့ကိုလဲ ဆွဲပေး "

ယိုရှီဟာ အသံကြားလို့လှည့်ကြည့်လိုက်တော့ ယွန်းဂျယ်ဟော့ပင်

ချစ်သော.......မောင် [ JAENORI ] Complete Where stories live. Discover now