ကိုကိုယူဂျင်းကိုတကယ် မချစ်ဘူး!

411 35 0
                                    

ကိုကိုယူဂျင်းကိုတကယ် မချစ်ဘူး!
-----

"ကယူဗင်း"

"ဗျာ‌ ဟျောင်း"

"မင်းယူရီနဲ့ဇာတ်လမ်းမပြီးသေးဘူးဆို"

ဟန်ဘင်းဟျောင်း၏အမေးကြောင့် ကယူဗင်း ခဏတိတ်သွားပြီး နောက်မှစကားသံထွက်လာသည်။

"အွန်း ဟုတ်တယ် မပြီးသေးဘူး"

"မင်းယူဂျင်းကိုတကယ်မချစ်ဘူးလား လုပ်ဇာတ်လား"

*ချစ်တာပေါ့ ဟျောင်းရယ် ချစ်ပေမဲ့ မေမေ့အတ‌ွက်လိပ်ပြာမလုံသလိုခံစားရတာမလို့* လို့စိတ်ထဲကြိတ်ပြောလိုက်သည်။

သို့သော် အတွေးနှင့်အလုပ်မညီပါ သူတွေးသလို လိပ်ပြာမလုံလို့လား ဘာကြောင့်လဲဆိုတာကိုတော့ ကယူဗင်းတစ်ယောက်တည်းသာသိမည်။

ဘုရားတောင် သိချင်မှသိမှာ..

"ဟင့်အင်း လုပ်ဇာတ်တွေ ကျွန်တော်ချစ်တာ ယူရီတစ်ယောက်ထဲကို"

~

"ဟျောင်း ကျွန်တော် ကယူဗင်းဟျောင်းကိုခဏသွားကြည့်လို့မရဘူးလား"

ယူဂျင်းကိုကိုလို့ပြောရန်ပြင်လိုက်သော်လည်း ကိုကိုလို့ခေါ်ရန်မသင့်တော့ဘူးထင်သောကြောင့် ကယူဗင်းဟျောင်း ဟုသာဆက်ခေါ်လိုက်သည်။

"ဟျောင်းသ‌ွားပြောပေးမယ် ဘာပြောချင်လို့တုန်း ဘာဖြစ်လို့တုန်း"

"ယူဂျင်းကပြောခိုင်းတယ် 'ကိုကိုရေ ဖိုက်တင်းပါ' လို့ပြောပေးနော် မက်ချုးဟျောင်း"

"ဟမ် Ok×2"

"မက်ချူးနေခဲ့ ဟျောင်းသွားလိုက်မယ် ဟန်ဘင်းကိုပါခေါ်လာမလို့"

"ဂိုမားဝေါ ဟျောင်း"

"အွန်း"

~

ယူဂျင်းပြောခိုင်းတာကို ကယူဗင်းကိုပြောဖို့နဲ့

ဟန်ဘင်းကိုခေါ်ရန်ထွက်လာစဉ် နောက်သတို့သား၏အဝတ်လဲခန်းရှေ့ရောက်တော့

ဟန်ဘင်း၏ "မင်းယူရီနဲ့ဇာတ်လမ်းမပြီးသေးဘူးဆို" တဲ့အသံတိုးတိုးလေးကြားလိုက်လို့ တံခါးနားမှာဆက်နားထောင်နေလိုက်သည်။

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now