ချစ်တယ် ကိုကို့ကလေးငယ်
"Bam အခြေအနေဘယ်လိုလဲ"
"ဟုတ် ရှာတွေ့ပါပြီ ဒီနေ့လေယာဉ်ကွင်းကို ကျွန်တော်တို့လူတွေလွတ်လိုက်တာ "ဟန်ယူဂျင်း" ဆိုတဲ့နာမည်နဲ့သူကိုတွေ့ခဲ့ပါတယ်တဲ့"
"သွားတဲ့နေရာကကော"
"ဂျယ်ဂျူဒိုပါ"
"ဟမ် ဘယ်လို"
"ဂျယ်ဂျူဒိုလို့ပြောပါတယ်"
"ဂျယ်ဂျူဒိုကိုညတွင်းချင်းသွားမယ်"
"ဟုတ်ကဲ့"
"ဒါနဲ့ Boss ဂျယ်ဂျူဒိုက Boss ဘယ်စံအိမ်မှာတည်းမှာလဲ ကြိုပြင်ခိုင်းထားမလို့ပါ"
"ရတယ် မင်းပဲပြောထားလိုက်"
"ဟုတ်"
*ဟမ် ဘာလား ငါ့ကိုသဘောဆိုပြီးရောက်ရင်ပြောဆိုနေတော့မှာမဟုတ်ဘူးလား*
~
ကယူဗင်း ဂျယ်ဂျူဒိုကိုရောက်တော့ စံအိမ်တောင် ချက်ချင်းမသွားနိုင်ပဲ ယူဂျင်းကိုလိုက်ရှာနေမိသည်။
ည ၁၂ နာရီ
*ဒီအချိန်ကြီးတောင်ရှိနေပြီ ယူဂျင်းငယ်... ဘယ်တောာ့ ကိုကို့ဆီပြန်လာမှာလဲ??*
~
ကယူဗင်းရှာနေပေမဲ့ ညလည်းတော်တော်နက်နေပြီမလို့ စံအိမ်ကိုပြန်လာလိုက်သည်။
*ကိုကို့ကလေးလေးက အပုန်းတော်ရင်
ကိုကိုကလည်း အရှာတော်ရမှာပေါ့!*
~
နောက်နေ့မနက်
"ယူဂျင်းရေ.. ထတော့.."
"ယူဂျင်းလေးရေ"
"ဟျောင့် ဂင်မ်ဂယူဘင်းယောက်ျား"
"ထပြီလို့ ဟျောင်း မစနဲ့"
"ဟွန်းး ကိုကိုနဲ့ကွာရှင်းချင်တယ် ဘာညာနဲ့ ဂင်မ်ဂယူဘင်းယောက်ျားလို့ ခေါ်တော့ ချက်ချင်းထတယ်"
"ဟျောင်း!! စထားဦးပေါ့ ဟျောင်းရည်းစားရမှပြန်စပြမယ်"
"ဘာလဲ ရှာပေးမလို့လား ဝါးးးး ငါ့ညီလေးကအလိုက်သိလိုက်တာ ဘယ်လိုလဲ လှလား"
YOU ARE READING
~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfictionဘယ်အရာကမှကိုကို့ရဲ့မျက်လုံးထဲမှာလှမနေရင်တောင် ယူဂျင်းကကိုကို့အတွက်အလှဆုံးဖြစ်နေမှာ~♡︎ ~~𝗚𝗬𝗨𝗝𝗜𝗡: 규진~~ 𝐒𝐭𝐚𝐫𝐭- 𝐉𝐮𝐥,16𝐭𝐡//2023 𝐄𝐧𝐝- 𝐒𝐞𝐩, 24𝐭𝐡//2023 ဇာတ်အိမ်ခိုင်မှကြိုက်လျှင်မဖတ်ဖို့အကြံပေးပါသည်။