Story: Tang Qi
Book Title: 三生三世枕上书之梦回洪荒远
Pillow Book of Samsara: Back to Chaos in Dream
English Translator : Elodsoompi Team
Co Translator - Su Yadanar Win
Encode - Maybel_94
CHAPTER ONE
ရှုပ်ထွေးလွန်းလှတဲ့ခေတ်ဆိုးကြီးရဲ့အစဟာ လွယ်ကူနေတာတော့မဟုတ်ခဲ့ချေဘူး။ကောင်းကင်နဲ့မြေကြီးဟာ ပုံသဏ္ဍာန်ရယ်လို့သတ်သတ်မှတ်မှတ်မရှိဘဲ ကြက်မတစ်ကောင် ဥ,ဥ တဲ့ဝပ်ကျင်းလိုပဲ ရှုပ်ထွေးရောနှောနေပြီး အဲ့သည်ဥကနေ ရှေးဟောင်းနတ်ဘုရားတစ်ပါးပေါက်ဖွားလာခဲ့လေတယ်။ သူ့ကတော့ ဒဏ္ဍာရီလာ ပထမဆုံးရှေးဟောင်းနတ်ဘုရားပန်ကုပဲဖြစ်သည်ပင်။
နတ်ဘုရား ပန်ကုဟာ သူ့ရဲ့မျက်လုံးတွေကိုဖွင့်ဖွင့်ချင်းမှာမြင်တွေ့ရတဲ့ ကမ္ဘာဦးကပ်ဆိုးတွေကို သည်းမခံနိုင်လောက်အောင်ဖြစ်သွားပြီး သူ့ရဲ့လက်အစုံကို ပုဆိန်တစ်စင်းသဖွယ်ပြောင်းလဲလို့ ကောင်းကင်နဲ့မြေကြီးကို ထက်ခြမ်းခွဲချလိုက်တော့ရဲ့။
အဲ့သည့်အချိန်ကစလို့ ကမ္ဘာပေါ်မှာ နယ်မြေရှစ်ခု၊ ကောင်းကင်တစ်ခု မြေကြီးတစ်ခုဆိုပြီးစတင်တည်ရှိလာတော့သည်။ ကောင်းကင်နဲ့မြေကြီးကို ထက်ခြမ်းခွဲတယ်ဆိုတာ အင်မတန်မှအားသုံးရတဲ့ကိစ္စတစ်ခုပဲ။ ဒါကြောင့်ပဲ ပန်ကုနတ်ဘုရား ဟာ ကောင်းကင်နဲ့မြေကြီးကို ခွဲခြမ်းပြီးမှာပဲ သူ့ရဲ့နတ်စွမ်းအင်အဆီအနှစ်တွေကိုဆုံးရှူံးရပြီး လောကကြီးကနေ ပျောက်ကွယ်သွား ပါတော့ရဲ့။ သူ့ရဲ နတ်အစွမ်းတွေကို မိုးကောင်းကင်နဲ့မြေကြီးက စုပ်ယူသွားပြီးနောက် ရှေးအကျဆုံးသော ပဏာမနတ်ဘုရားတွေ မွေးဖွားလာခဲ့သည်ပင်။
အားလုံးထဲမှာ အစွမ်းအထက်ဆုံးကတော့ စကြာဝဠာရဲ့ ဖခင်နဲ့မိခင်ပါပဲ။ ဖခင်နတ်ဘုရားနဲ့မိခင်နတ်ဘုရားဟာလူပုံစံအသွင်ကိုယူလို့အပြီးမှာတော့ ပန်ကုနတ်ဘုရား ချစ်ရစ်ခဲ့တဲ့ ဖန်တီးခြင်းတာဝန်တွေကို ဆက်လက်လုပ်ဆောင်ခဲ့တော့သည်။
ကောင်းကင်ဘုံရဲ့ ဥပဒေကိုလိုက်နာလို့ သူတို့ဟာ သမုဒ္ဒရာလေးစင်းကိုရွှေ့ပြောင်း၊ စကြာဝဠာခြောက်ခုကိုတည်ဆောက်လို့ ၊ ကန္တာရရှစ်ခုကို ဖန်တီးကာ ပုံသဏ္ဍာန်မကျဖြစ်နေတဲ့ ကမ္ဘာကြီးကိုကောင်းကင်နဲ့မြေကြီးဆိုပြီး တိတိကျကျကိုပဲပိုင်းခြားသတ်မှတ်နိုင်ခဲ့သည်။ နောက်ပိုင်းမှာ နေရယ် လရယ် ကြယ်တာရာတွေရယ်နဲ့ဖွံ့ဖြိုးလာခဲ့ပြီး နေ့တွေညတွေကွဲပြားလို့ ဥတုလေးပါးရယ် တောင်တန်းတွေ ချိုင့်ဝှမ်းမြေနိမ့်လွင်ပြင်တွေရယ်နဲ့ မြစ်၊ပင်လယ် မြက်ခင်းပြင်တွေနဲ့ စိမ်းစိုနေတဲ့သစ်တောအုပ်တွေကအစရှိလာခဲ့သည်။
YOU ARE READING
သုံးဘ၀သုံးကမ္ဘာ : ကမ္ဘာဦးအစအိမ်မက်တမ်းချင်း
Historical FictionSide Story of Donghua and Bai Feng Jiu and Bai Gun Gun, When they will time travel to Chaos. Exactly Noted : This Story is Official Publishing by TangQi.