မြင့်မြတ်တဲ့ပင်လယ်ပြာ ဆိုတာကတော့ သမုဒ္ဒရာလေးစင်းနဲ့ကန္တာရရှစ်ခုအတွင်းမှာ နက်ရှိုင်းလှတဲ့ဝိညာဥ်ဓါတ်တွေနဲ့ပြည့်ဝနေတဲ့ အထွဋ်အမြတ်နေရာတစ်ခုပါပဲ။ ကောင်းကင်ဘုံရဲ့ထိပ်ဖျားမှာ တည်ရှိလို့နေပြီး ပိုင်ရှင်က သုံဟွာသီကျွင်းပဲဖြစ်ပါတယ်။အဆင့်မြင့်နတ်ဘုရားကျဲ့ယန်က ပင်လယ်ပြာရဲ့ ကျောက်သားအတိပြီးအောင်ဆောက်လုပ်ထားတဲ့နန်းတော်ကြီးအတွင်းက ဖူလင်ပန်းပင်တွေရဲ့ပေါင်းမိုးအောက်မှာ ထိုင်လို့နေပြီး ကျားထိုးနေတဲ့ ချောမောလှတဲ့ရုပ်ရည်နဲ့ငွေရောင်ဆံနွယ်တို့ကိုပိုင်ဆိုင်ထားသူ လူငယ်လေးကိုငေးကြည့်နေခဲ့တယ်။ သူကတော့လွန်ခဲ့တဲ့သုံးနှစ်ခန့်အချိန်တုန်းက ကောင်းကင်ဘုံကနေ ထွက်ခွာလာခဲ့တဲ့ သုံဟွာပါပဲ။ အဆင့်မြင့်နတ်ဘုရားကျဲ့ယန်က သူ့မှာမေးခွန်းတွေအများကြီးရှိနေပေမယ့် အခုခနသောအချိန်အတွင်းမှာ ဘယ်ကစလို့ ဘာကိုမေးရမှန်းမသိအောင်အကျပ်ရိုက်နေတော့သည်။
နတ်မင်းတွေရဲ့ ရာထူးပေးအပ်ခြင်းအခမ်းအနားမှာ အနှီလူငယ်လေးက ကန္တာရရှစ်ခုရဲ့အဆင့်မြင့်သူတော်စင်ရှစ်ပါးထဲက တော်ဝင်ကျောက်စိမ်းတန်ခိုးရှင်, ကမ္ဘာကြီးကိုကယ်တင်ပေးသူ,ဝဋ်ဒုက္ခများ၏ကယ်တင်ရှင်, ထိုက်ချန် တော်ဝင်ခရမ်းရောင်နန်းတော်ရဲ့သုံဟွာ ဆိုတဲ့ ဘွဲ့ရာထူးကို အပ်နှင်းခံထားရပေ၏။ သူ့ရဲ့ရာထူးနဲ့ထိုက်တန်တဲ့ နန်းဆောင်တစ်ခုကို ဘုံကိုးဘုံရဲ့ ဆယ့်သုံးထပ်မြောက်ကောင်းကင်မှာ တည်ဆောက်ပေးထားခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ကောင်းကင်ဧကရာဇ်ဆိုတာဟာ ကန္တာရရှစ်ခုရဲ့အရှင်သခင်ဖြစ်ပြီး သူ့ရဲ့ရာထူးဟာ ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ မသေမျိုးတွေကို ထိန်းချုပ်ရတာကြောင့် အလွန်ကိုအရေးပါတဲ့ ရာထူးတာဝန်ပဲဖြစ်တယ်။ သုံဟွာက ဆယ့်သုံးထပ်မြောက်ကောင်းကင်ဘုံက ထိုက်ချန်နန်းတော်မှာသုံးလနေပြီး ကိစ္စတွေကို အချိန်ကာလတစ်ခုအထိဆောင်ရွက်ပေးခဲ့တာ လူတိုင်းသိကြပါ၏။ ဒါပေမယ့်လည်း မော့ယွမ်နတ်ဘုရားပျောက်ဆုံးသွားပြီး နောက်တစ်ရက်မှာပဲ သီကျွင်းဟာ ကောင်းကင်ဘုံကိုးထပ်ကနေထွက်ပြီး ကမ္ဘာကြီးကိုအဆက်အသွယ်ဖြတ်လို့ ကျောက်စိမ်းနန်းတော်မှာပဲ နေထိုင်လေတော့တယ်။
YOU ARE READING
သုံးဘ၀သုံးကမ္ဘာ : ကမ္ဘာဦးအစအိမ်မက်တမ်းချင်း
Historical FictionSide Story of Donghua and Bai Feng Jiu and Bai Gun Gun, When they will time travel to Chaos. Exactly Noted : This Story is Official Publishing by TangQi.