October 13 ရက်နေ့ယနေ့ ကျွန်တော်18နှစ်ပြည့်မွေးနေ့ဖြစ်သလို ကျွန်တော် Wedding လည်းဖြစ်တယ်။လူတိုင်းက 18 နှစ်ပြည့်ပီးဆိုတာနဲ့သူတို့ကိုယ်သူတို့အရွယ်ရောက်ပီး လူကြီးဖြစ်ပီဆိုပီး ပျော်ကြတယ်။အဓိကသူတို့လုပ်ချင်ရာလုပ်လို့ရပီပေါ့ အသက်ပြည့်ပီဆို မိဘအုပ်ထိန်းမှုအောက်ကလွတ်ပြီဆိုပီပျော်နေကြတာပေါ့။ဒါပေမယ့် ကျွန်တော်ကြတော့မပျော်ရွှင်ရ ကျွန်တော်လည်း လူငယ်ပဲ လေ ကျွန်တော်လည်း အခြားသူတွေလို လွတ်လွတ်လပ်လပ်နဲ့ပျော်ရွှင်စွာနေချင်သေးတယ်။ဒါပေမယ့် ပျော်ရွှင်မှုမရခဲ့ဘူး ကျွန်တော့်ငယ်စဉ်ကအမြဲမိဘတွေကထိန်းချုပ်ခဲ့သလို အခုလည်း ကျွန်တော့်ယောကျာ်းဖြစ်သူက ကျွန်တော့်ကိုထိန်းချုပ်တော့မယ်။ကျွန်တော်ဘဝ ကပိုက်ဆံရှိပီး ထင်သလောက်မပျော်ရွှင်ခဲ့ရဘူး အမြဲတဖက်ပိတ် မိဘတွေရဲ့အလိုဆန္ဒတိုင်းနေရတယ်။ကျွန်တော်ကံ ကလည်း ဆိုးတာပါ တအိမ်လူံးမှာ omega ဆိုတော့အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပေါ့။ကျွန်တော် omega မဖြစ်ချင်ဘူး။ဒီ omega ဆိုတဲ့ဖြစ်တည်မှုကြီးကြောင့် ကျွန်တော့်ဘဝ က လှောင်အိမ်ထဲကငှက်လို နေနေရတာ။
"သား ဂျီမင်း ပီးပီးလား ခန်းမထဲဝင်ရအောင်လေ"
"ဟုတ် မေမေ"
"ငါ့သား ဂျီမင်းလေးကလှလိုက်တာကွယ် သား ဂျီမင်း သား ကအခုချိန်ကစပီး အိမ်ထောင်သည်ဖြစ်တော့မှာနော် သားယောကျာ်းပေါ်အရမ်းမဆိုးနဲ့နော်"
"သား က မေမေတို့ အပေါ်တောင် မဆိုးဘူးတာ အခြားတစိမ်းယောကျာ်း လေး ပေါ်ဆို ပိုတောင် ဆိုးမှာမဟုတ်ဘူး"
"ဟုတ်ပါပြီ သားရယ် လာ ဟိုမှာ မင်းအဖေ စောင့်နေပီ ခန်းမထဲဝင်ဖိူ့လာသွားမယ်"
ဖေဖေကကျွန်တော်ကို အခန်းပြင်မှာစောင့်နေတယ်။ပီးတော့ ကျွန်တော်လည်း အဖေလက်ကိုချိတ်ပီးခန်းမထဲဝင်လာလိုက်တယ်။ခန်းမထဲဝင်လာတော့များပြားလှတဲ့လူတွေအများကြီးကကျွန်တော်ကိုဝိုင်းကြည့်နေကြတယ်။ပီးတော့ စင်မြင့်ထက် က ယောင်္ကျားတယောက်ကလည်း ကျွန်တော်ကို သေချာစူးစိုက်ပီး ကြည့်နေတော့ ကျွန်တော်ရှက်နေမိတယ်။ဖေဖေနဲ့ကျွန်တော် ကောဇောနီပေါ်ဖြတ်လျှောက်ပီး ဖေဖေ က ကျွန်တော်ကို ထိုစင်မြင့်ထက် လူလက်လက်ထဲလွဲပြောင်းပေးလိုက်တယ်။ထိုမှသာ သူက ကျွန်တော်နဲ့ လက်ထပ်ရမယ့်သူဆိုတာသိသွားတယ်။ထိုသူ ကသူရဲ့ဂုတ်လောက်ရှိတဲ့ဆံနွယ်တွေကိုစည်းနှောင်းထားတယ်။ရုပ်ရည်ကအတော်ကြည့်ကောင်းပီး မင်းသားလောက်နီးနီးရှိတယ်။ထိုသူက သူ့နှုတ်ခမ်းပါးတွေကိုတင်းတင်းစေ့ထားတယ်။
YOU ARE READING
⚠͟️͟Warning⚠͟️͟
FanfictionWearing ဆိုတဲ့အတိုင်းJikook အမှောင် One short လေးတွေရေးမှာဖြစ်ပါတယ်။အမှောင်မကြိုက်သူများမဖတ်ရလို့ကြိုတင်သတိပေးထားပါတယ်နော်။